ထာဝရအလွမ်း
မိုးမြေလိုကွာခြားတဲ့ဘ၀နှစ်ခု
ထပ်တူကျဖို့ အဖြေညှိ၇င်း
ချစ်ခြင်းကိုဖွင့်ဟဖို့
(ငါ) နုတ်ခမ်းတွေစွန့်အခဲ့ပေါ့
အနမ်းမပါတဲ့အချစ်သန့်သန့်တွေ
ရင်တွင်းမှာပဲ ပိတ်လှောင်ထားခဲ့
လိုက်လျောမှုတွေကိုလစ်လျူရှု
ယုယမှုကင်းတဲ့အပြုအမူတွေနဲ့
ကွယ်ဝှက်ထားတဲ့ခံစားမှုတွေ
နှလုံးခုန်သံတွေနဲ့အတူ
ထာ၀၇ကခုန်နေမယ်….
မမျှော်လင့်ထားတဲ့အမုန်း
ထစ်ချုံးစွာရွာသွန်းလို့
ပျက်သုန်းသွားတဲ့သံယောဇဉ်
မှင်သက်စွာငေးကြည့်ရင်း
မပြတ်သားခဲ့တဲ့အမှား
ခရားကေ၇စက်ချသလို
တစက်စက်နဲ့နောင်တတွေ
ထပ်ချက်မကွာညှင်းဆဲ
ထာဝရလွမ်းနေပါ့မယ် ကောင်မလေးရယ်…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
sorry to know,,
poor u, 🙁
u’ll get what u give,,it’s the truth.don’t feel depress naw,