ဝဋ္ဌ်ကြွေး
အချစ်တစ်ခုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက်
ညတိုင်း ညတိုင်း အတွေးမုန်တိုင်းရဲ့ကြားထဲ
မွန်းကျပ်နေခဲ့ရပေမယ့်
နင့်ရဲ့ရှေ့ရောက်ရင်ဘာလို့ပျောက်ပျက်သွားကြတာလဲ………….
ငါ့နှလုံးသားရဲ့တောင်းဆိုမှုတွေအတွက် နင့်ကိုဖွင့်ပြောဖို့
ငါအကြိမ်ကြိမ် ငါကြိုးစားခဲ့ပေမယ့်
နင့်ရဲ့မျက်ဝန်းတစ်စုံအောက်မှာအမြဲကျရှုံးခဲ့တာဟာ
နင့်အတွက်
ငါ့ရဲ့ဆပ်လို့မကုန်နိုင်တဲ့ ၀ဋ္ဌ်ကြွေးတွေပဲလား………….
နင့်ရဲပျော်ရွင်မှုတွေအတွက်
ငါ့ရဲ့ပျော်ရွင်မှုတွေအားလုံး
စတေးရရင်တောင်
ဝမ်းနည်းမှုနယ်မြေရဲ့ အဝေးဆုံးတစ်နေရာကနေ
နင့်ရဲ့အပြုံးလေးတွေကိုငေးကြည့်ရင်း
ကြည်နူးနေမယ့်သူပါကွာ………………..
Comment #1
e de lout taung chit tar lar hin?