မင်းအတွက်
ကဗျာဟာ —
ခံစားချက်ရဲ့ပြတင်းပေါက်ဆိုရင်
ငါ့ကဗျာတိုင်း
မင်းကိုရည်ရွယ်တယ် ။
သီချင်းဟာ—
နှလုံးသားရဲ့သံစဉ်ဆိုရင်
ငါဆိုညည်းတဲ့ သီချင်းတိုင်း
မင်းကို ရည်ညွှန်းတယ်။
အလွမ်းဆိုတာ—
သတိရမှုရဲ့ ပြယုဂ်ဆိုရင်
ငါ့စိတ်တခုလုံး
မင်းဆီမှာ ပုံထားတယ်။
အချစ်ဆိုတာ—-
ဘ၀ရဲ့ အရေးကြီးတဲ့တစိတ်တပိုင်းဆိုရင်
ငါ့ရင်ထဲမှာရှိတဲ့—-
သံယောဇဉ်တိုင်းဟာ
မင်းအတွက်ဘဲ—
ထာဝရရှိနေပါတယ် ။ ။
Comment #2
100% right,
thz so much,
thz oo muchhhhhhh
By: ei lay at Mar 28, 2012
Comment #3
😛
super like,
By: ei lay at Jun 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းမိုက်တယ်စာသားတွေက……တိုက်ဆိုင်တာတွေကများတော့..
ကဗျာတိုင်းကိုကြိုက်တယ်…….