Professional Authors

ငါရယ်…ငါတို့လမ်းရယ်…ငါတို့မိသားစုရယ်-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

မြင်ကွင်းတွေကို မျက်စိတဆုံး ရှည်လျားပစ်လိုက်တယ်

လမ်းတွေကို ရွာတွေ့သည်အထိ ခြေဆန့်ပစ်လိုက်တယ်

ကျောက်စိုင်တွေကို ဖြိုဖျက်ပြီဟေ့ ဆိုမှတော့

အိမ်တွင်းအောင်းနေရင် မှားသွားမှာပေါ့

ငါတို့ရဲ့ နေရာက အဲ့ဒီနေရာကို ကျော်နိုင်ရင်ရောက်ပြီ

 

အပိုင်းပိုင်းအတစ်တစ် စုတ်ဖြဲခံထားရတဲ့ ပိတ်စ

တွန့်ကြေနေသော အမျိုးသမီးဝတ် လုံချည်များ

ဖိနပ်များက ဖရိုဖရဲ လက်ကိုင်စပီကာတို့ ပြန့်ကျဲ

အဲ့ဒီ့မှာ

ငါတို့ ရေးခဲ့တဲ့ ငါတို့သမိုင်းရဲ့ သွေးတွေရှိတရ်

 

ညပေါင်းများစွာကို သောက်သုံးခဲ့ရသော လမ်းမ

ဘွတ်ဖိနပ်ကြမ်းတွေ မိုးရွာသွားတာကို ခံခဲ့ရသော လမ်းမ

ညည်းတွားရှိုက်သံတွေ ကို အတိုင်းသားကြားခဲ့ရတဲ့ လမ်းမ

အဲ့ဒီ့လမ်းမကို တူးဖော်ကြည့်ရင်

အစိမ်းလိုက်ဖောက်ခံထားရတဲ့ ငါတို့ကျောင်းသားသွေးတွေကို

အရှင်လတ်လတ် တွေ့ရမယ်

 

ငါလျှောက်နေတဲ့ လမ်းမအကြောင်းက

နားထောင်သူတိုင်းကို ၀မ်းနည်းစေတယ်ငိုကြွေးစေတယ်

နားထောင်သူ အမျိုးသားတို့ အံကြိတ်

နားထောင်သူ အမျိုးသမီးတို့  တောက်ခေါက်

ဒီလမ်းမဟာ သမိုင်းရဲ့ ခါးရိုးရှည်ပဲ

သူ့ကိုဖျက်စီးရင် အနာဂါတ်ဟာ ပြိုလဲသွားလိမ့်မယ်

ဘယ်သူကမှ ဖျက်စီးပစ်လို့ မရ

 

ငါလျှောက်နေတဲ့ လမ်းအကြောင်းက ပြောရရင် ရှည်လျားတယ်

စာရွက်ပေါ်မှာ ချရေးလိုက်မယ်ဆိုရင်တောင် စာရွက်တွေ

ကုန်သွားမယ်ရှိသမျှ မှင်တွေ ကုန်သွားမယ်

ငါဟာ အဲ့ဒီ့လမ်းပေါ်မှာ ရင်ကိုဖွင့်လို့အသက်ကိုပေးလို့

လက်ထဲမှာကျောင်းသားတွေပိုင်တဲ့ ခွပ်ဒေါင်းအလံကို ကိုင်လို့

ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းနေတယ်

 

စင်စစ်မိုးပြိုခဲ့တာတော့ အများပါပဲ

ဒါပေမယ့် ငါဟာ ယုန်သူငယ်လို ပြေးလွှားရတာ မုန်းလှပြီ

လူပဲကွယ်

အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နေချင်တာပေါ့

ငါ့အကိုတွေ အမတွေ လမ်းမပေါ်မှာ အတုံးအရုန်း

လဲနေတာမြင်ရတော့လည်း ထူပေးချင်တာပေါ့

ဘာမဆို အတုန်းအရုန်း လဲပြိုနေတဲ့ ကာလကြီးမှာ

အရာရာကို ထူမတ်ပေးလိုက်ချင်တာ ငါ့ဆန္ဒပါပဲကွယ်

 

မိုးသောက်ပါစေ

အလင်းရောက်ပါစေ

အမှောင်ထဲမှာ ငါတို့တွေဟာ မျက်လုံးတွေ

ကန်းမတတ် နေခဲ့ကြရတာ မဟုတ်လား

ဒါတောင် တချို့က အမှောင်ကိုမှ ကြိုက်ချင်ကြသေး

အေးလေ

သူတို့ မိသားစုဟာ အမှောင်မှာမှ ထမင်းဝကြမှာကိုး

 

သူတို့ အမှောင်မှာ ထမင်းဝဖို့ အတွက်

အလင်းလိုချင်တဲ့ ငါတို့က အငတ်ခံ

သဘာဝတရားဟာ သစ္စာဖောက်ခဲ့လေသလား

ကဲပါပြီးတာတွေ ပြီးပါစေတော့

ခုတော့ အမေလည်း ပြန်ရောက်လာပြီ

ငါတို့ရှေ့ဆောင် ငါတို့လမ်းပြကြယ် ငါတို့ရဲ့

အကိုလည်း ပြန်ရောက်လာပြီပဲ

တို့ မိသားစုလေးဟာ အမှောင်တွေထဲက လွတ်သွားမှာပါ

 

အခု

တို့တွေရဲ့ မျှော်လင့်ချက်တွေဟာ တောက်ပလာလို့

တို့တွေဟာ ပီတိကိုယ်စီနဲ့ ပြုံးနေကြရပြီ

အေးလေတို့တွေဟာ ထာဝရ အောင်နိုင်သူတွေပဲဟာ

ခဏတစ်ဖြုတ်တော့ ငိုကြွေးခဲ့ရတာပေါ့

                                               ရွှေ   ကယ်   မိုး

In: ကဗျာ Posted By: Date: May 15, 2012
Comment #1

phat shu arr pay twar par d,

commentinfo By: ei lay at May 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment