ဘိဘိသန၏ ဘိဘိသန – ဒီရေလှိုင်း
အကိုတော် ရာဝဏမှားယွင်းမိုက်မဲစွာ ရေးထိုးလိုက်တဲ့
ကျိန်စာမိကျောက်စာတစ်ချပ်ကို ပြင်ဆင်ချင်သူပါ ။
အနီရိုင်းရိုင်း ဒေါသလှိုင်းများကြောင့်
ဒီကမ္ဘာကို အကျည်းတန်စေတဲ့
သွေးပန်းချီကားတစ်ချပ်ကို
ကျွန်ုပ်နှလုံးသွေးနဲ့ သန့်စင်စေလိုသူပါ ။
ပိုင်ဆိုင်မှုမှ အချစ်စစ်ဆိုတဲံ့
မလှပတဲ့ ကမ္ဘာကျော်ပြဇာတ်တစ်ပုဒ်ကို
လားရာပြောင်းနိုင်မယ်ဆိုရင်
ကျွန်ုပ်ဇီဝအသက်ဓာတ်ကို
ထုတ်လိုကထုတ်ပါတော့ ။
မုသားတွေ မာယာတွေညစ်ပေကျံနေတဲ့
ဒီမြေလောက ရှင်းသန့်ဖို့ဆို
ကျွန်ုနှလုံးသားကို
လှည်းကျင်းစရာကိရိယာအဖြစ်သတ်မှတ်ပါလော့ ။
အမိုက်တွေကြောင့်ဖြစ်တဲ့စစ်ရဲ့
ကျည်ဆံ အမြောက်ဗုံးတွေ လောကကိုမခရအောင်
ကျွန်ုပ်ရဲ့ ရင်တစ်ခုလုံးကို ဒိုင်းတစ်ခုလို
အသုံးပြုကြပါတော့ ။
နှလုံးသွေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘ၀အသစ်ပြန်စ
ကျွန်ုပ်သည် ဘိဘိသန။ ။
ဒီရေလှိုင်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service