အနီကတ်များ – ဒီရေလှိုင်း
နိဒါန်းလို့
အမည်မတတ်ခင်က
အဆုံးသတ်နေတဲ့ ဇာတ်လမ်း
နိဂုံးအခန်းတောင်
ဖတ်စရာမလို
ပထမ၀ါကျမှာထဲက
သေရတဲ့ ဇာတ်ကောင်ဘဝ
ဇာတ်စကား
တီတီတာတာပြော
ကြည်သာသာ မင်းသမီးချောလေးနဲ့
နှစ်ပါးသွားအက
အများကြီးကချင်ရှာပေမဲ့
မင်္ဂလာရယ်မှာ
မဏ္ဍိုင်ရေ
နတ်သံနှောလို့
အပျိုတော်
အတောလေးမှ မဆိုရခင်
ငြိုငြင်ကာ
ဇာတ်ဆရာအလိုကျ
ကန့်လန့်ကာချခံထိလို့
ဘ၀မှာ မရွှင်ပြတဲ့စိတ်နဲ့
ချောင်ပိတ်ကာ
မှောင်ရိပ်မှာထိုင်
ဘ၀တစ်ပင်တိုင်မင်းသားဘ၀ ။
ပန်းတိုင်ကိုမမြင်သာ
တာလွှတ်ဒိုင်
ခရာမတွက်မြံပြင်
တာမထွက်ခင်
မှောက်လျက်လဲ
လှောင်သံတွေ မစဲ
စိုရွှဲနစ်နေတဲ့ ရှက်ချွေးတွေနဲ့
ဘ၀အပြေးသမားရဲ့ အဖြစ် ။
အပြတ်အသတ်
တရစပ်လက်သီးများနဲ့
ပြိုင်ဖက်ကို
နိုင်ကွက်ရှာပြီး
အလဲထိုးကာ ၊ ဒိုင်ပွဲရပ်
နိုင်ပွဲအမှတ်နဲ့
ရွှေခါးပတ်ပတ်မဲ့ အကြံစီ
ပထမအချီ
ဘဲလ်သံလေးမြည်စဉ်
ကြိုးဝိုင်းဒိုင်ရဲ့
ဒိုင်းကနဲ
ထောက်လက်သီးနဲ့
ဟက်တက်ကြီးကွဲ
ပက်ပက်ကြီးလဲ
အရှုံးပေးခဲ့ရတဲ့
ဘ၀ လက်ဝှေ့သမား ။
အချိန်ပိုမှာ
အနိုင်ဂိုးသွင်းမဲ့
စိတ်ကူတဲ့ အိပ်မက်ပျက်ပြယ်
တစ်ဖက်သတ်
ဘက်လိုက်ကာ
ကိုယ်ကစားချိန်ဘ၀ကို
အပီသတ်တဲ့အလုပ်
မကြည်တတ်တဲ့ ရုပ်နဲ့
အနီကတ်နဲ့ အထုတ်ခံရ
ရှုတ်ချတဲ့ အော်ဟစ်သံကြားမှာ
ဒုက္ခနဲ့ အတော်ညစ်ကာ
ကသုတ်ကရုတ်
မလှုပ်တလှုပ်
ခေါင်းငုံ့လို့ မျက်နှာမဖော်
ထွက်တော်မူရှာရ
ဘ၀တိုက်စစ်မှူးဘ၀ ။
အော် ဘ၀ ဘဝ
ဘဝ
ဘဝ
အပီသတ်
မရယ်တတ်အောင်
ထုတ်ပြနေတဲ့
အနီကတ်တွေထိထိနေတာများ ။ ။
ဒီရေလှိုင်း
Comment #2
😛
Comment #1
မမိုး နှစ်သက်စွာ ခံစား အားပေးသွားပါတယ်