အလွမ်းနွံ
ဘ၀မုန်တိုင်းရဲ့ကြား
လေနှင်ရာလွင့်ရတဲ့သူတစ်ယောက်ရဲ့ရင်ထဲမှာ
ခံစားမှုတွေမရှိသင့်မှန်းသိပေမယ့်
နင့်ရဲ့အပြုံးလေးတွေအတွက်နဲ့
စီးမျောခံစားနေမိတာ………….
အချစ်မာယာတောထဲမှာတ၀ဲလည်လည်နဲ့
အလွမ်းနွံထဲမှာနစ်ကျွံရင်း
အဆွေးဒဏ်သင့်နေတာကိုပဲ
ပျော်နေမိတဲ့ငါ…..
နင့်အတွက်
မပြီးနိုင်တဲ့ဝဋ္ဌ်ကြွေးတွေပေးဆပ်နေသလိုပါပဲ……………..
ငါ့ရဲ့အလှပဆုံးရေးခြယ်ထားတဲ့
အတွေးပန်းချီကားတစ်ချက်ကို
နင့်ရဲ့အစွန်းရောက်လွန်းတဲ့
တစ်ဖက်သတ်အမုန်းတွေကြောင့်
လောင်ကျွမ်းအသက်ပျောက်ခဲ့ရပြီးတဲ့နောက်…………….
ငါဟာ
တကယ်တော့…….
ငါမရောက်နိုင်တဲ့
အချစ်ကောင်းကင်ဘုံကျုမှသွားချင်နေတဲ့
တောင်ပံမဲ့ငှက်တစ်ကောင်ပါပဲကွာ…………
Comment #2
လန်းတယ်ဗျာ…
တည့်ထိပါတယ်
Comment #1
wow,,,
pyaw tat like dar,