အရိုင်း(၁)
အချစ်မရှိတဲ့သူတွေက ရိုင်းတယ်
အချစ်ရှိတဲ့သူတွေကလည်း ရိုင်းတယ်
အမုန်းကလည်း ရိုင်းတယ်
သုခကလည်း ရိုင်းတယ်
စိတ်ဝိညာည်ကို ချောင်ပိတ်ပီး
မရိုက်ပါနဲ့ …
ခဏလောက် အိပ်စက်ပါရစေ။
ငါ့ကြောင့် …
မင်းရင်ဘက်တွေနာတယ်လို့
မပြောပါနဲ့ ….
ငါ့ရင်ဘက်ကြီးက စုတ်ပြတ်သတ်နေပါပီ
မင်းနားလည်ဖို့ကြိုးစားကြည့်ပါလား
ကဲ ….. လမ်းခွဲကြမယ်
ငါမတရားဘူးလို့….
မပြောနဲ့…
ငါ့အချစ်ကနဲနဲလေး ရိုင်းတယ်။
Comment #2
စိတ်ဝိညာည်ကို ချောင်ပိတ်ပီး
မရိုက်ပါနဲ့ …
ခဏလောက် အိပ်စက်ပါရစေ။
Comment #1
har,,,
hote de,,
lone wa ma ta yar bu.
a naing kyint de,
yet sat de,