ချစ်သူ မင်းလား ဝင်လာခဲ့လေ
အရိုင်းတကောင်လိုဖြစ်နေတဲ့
တသက်လုံး
သော့ခတ်ထားတဲ့
အမည်မသိ သံသေ သံမဏိတံခါးကို
ခြင်းကပ်လို့ လာခေါက်တယ်..။
သေးသွယ် သွယ်လျတဲ့ နူးညံ့သော လက်ချောင်းလေးတွေရှိတဲ့
ပန်းနီရောင် နှုတ်ခမ်းလေးက တဖွဖွနဲ့ တိုးဝှေ့လို့
ပိုင်ရှင်ကြည့်မိတဲ့ သူ့မျက်ဝန်းက ရှက်သွေးဖြန်းနေပါလျက်
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
အရောင်တလက်လက် မွေးညင်းကလေးတွေရှိတဲ့
အစိမ်းရောင်သွေးကြောသန်းနေတဲ့ လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။
သွေးတွေကို အေးစက်စက် ခဲသွားစေတဲ့
အသုံးမချရသေးတဲ့ ဦးနှောက်တွေကို ရုန်းထလာစေတဲ့
မလှုပ်ရှားဖူးတဲ့ ခြေဖျားလက်ဖျားတွေကို အအေးမိစေခဲ့
မထိခတ်ဖူးတဲ့ နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
“ချစ်သူ မင်း”ရယ် “အမုန်းရယ်”
နှစ်ယောက်ပဲရှိတယ်။
အော်.. ခု…
ကြောက်စရာ “အမုန်း” ဟာ နားလည်မှု နယ်လွန်နေတယ်ဆိုတော့
သံသေ သံမဏိ တံခါးကို လာခေါက်တဲ့သူဟာ
ငါ ထင်ထားတဲ့ … မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။
“ချစ်သူ မင်းလား ၀င်ခဲ့လေ”။
တက္ကသိုလ်မြတ်မင်း
Comment #2
ဆရာမင်းလူရဲ့အချစ်လားဟေ့ ၀င် လာခဲ့လေကွယ်ဆိုတဲ့ကဗျာကိုသတိရမိပါတယ်.။
Comment #1
he,,he,, 😛
mike de, both title & styles.