ငါ.. နင့်ကို………….
E=mc^2 ဆိုတဲ့ Theory လေးတစ်ခုဟာ
လူသားအားလုံးရဲ့ ကြောက်ရွံမှုတွေအားလုံးကို
သိမ်းပိုက်နိုင်တဲ့အဖြေလေးတစ်ခုဆိုရင်
နင့်ရဲ့အပြုံးတစ်ချက်ဟာ
ငါ့ရဲ့နူးညံ့တဲ့ချစ်ခြင်းတွေအားလုံးကို
အပိုင်သိမ်းပိုက်ပြီး ငါ့ဘ၀ကိုလွှမ်းမိုးသွားရတာကို
နင်မသိအောင်တိတ်တိတ်လေးဝန်ခံပါတယ် ချစ်သူ……………
အလွမ်းနဲ့ဇာတ်သိမ်းမယ်မှန်းသိတဲ့
နင်နဲ့ငါရဲ့အဖြစ်ကို …… ငါသိရက်နဲ့
ငါဇွတ်တိုးခဲ့ရတာဟာ
နင်စွန့်ပစ်လိုက်တဲ့နင့်ရဲ့ အချစ်လက်ကျန်လေးတွေကို
တယုတယနဲ့သိမ်းဆည်းပြီး
နင်မသိအောင်
တိတ်တိတ်လေးခိုးချစ်နေချင်လို့ပါ………………
ငါ နင့်အတွက်နဲ့ အရာရာအားလုံးကို
စတေးဖို့ဝန်မလေးပေမယ့်
ငါ့အတွက်နဲ့ နင့်ဘဝ
နစ်မွန်းမှာကိုငါမကြည့်ရက်လို့
ငါရဲ့နှလုံးသားကိုမျက်ကွယ်ပြုပြီး
ငါ့ရဲ့ အချစ်တွေကိုပစ်ပယ် အလွမ်းတွေသာဖတ်တွယ်ခဲ့ရတာ
ငါ့ကိုနားလည်ပေးပါ………………..
ဒါတွေအားလုံးဟာ
ငါ……
နင့်ကို…………………………………….
Comment #1
so touching to heart deeply,
wishing u b good luck,