ကြောက်တယ်
ကြောက်တယ်..
မိုးတွေရွာမှာ ကြောက်တယ်..
အမှောင်တွေလာမှာ ကြောက်တယ်..
အထီးကျန်မှာ ကြောက်တယ်..
ငွေကြေးနဲ့ လူသားဆန်မှုကို လဲခဲ့တာ မဟုတ်ဘူး..
အနာဂတ်တစ်ခုအတွက် လောင်းကြေးထပ်ခဲ့ရုံသက်သက်..
ကြောက်တယ်..
နင်မရှိတဲ့နေ့ရက်တွေကို ကြောက်တယ်..
တွဲထားတဲ့လက်အစုံ ပြေလျော့သွားမှာ ကြောက်တယ်..
Helloo သံ သဲ့သဲ့လေး မကြားရမဲ့ နေ့ရက်တွေကို ကြောက်တယ်..
အော့ဖ်လိုင်းဖြစ်နေတဲ့ နင့်အကောင့်လေး ထိုင်ကြည့်ရမဲ့ရက်တွေကို ကြောက်တယ်..
ကြေက်တယ်..
ရင်ခုန်သံတွေ အေးစက်မှာကြောက်တယ်..
တစ်ယောက်တည်း လျှောက်ရမှာကြောက်တယ်..
နင် ဂရုမစိုက်တော့မှာကြောက်တယ်..
ကတိတွေ မမြဲတော့မှာကို ကြောက်တယ်..
ကြောက်တယ်..
အရာရာထက်..
နင် ငါ့ဘေးမှာ မရှိတော့မှာ
ငါ.. အကြောက်ဆုံး ..
Comment #2
😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
kyauk ne naw,
ma ma shi de,