ဟိုးအဝေးက…..အတိတ်.
မဟူရာမျက်ဝန်း
ကောင်းကင်အစွန်းမှာ
မျက်ရည်မိုးပုလဲ
ရွာသွန်းမစဲစဉ်က
မနေတတ်မထိုင်တတ်
ပျာယာခတ်ခဲ့ဖူးတယ်…..
ယောကျာ်းမာနကိုလျစ်လျူရှု
လှည့်စားသမျှမျက်ကွယ်ပြုပြီး
မုန်းသွားမှာစိုးကြောက်လို့
ဒူးထောက်ခဲ့ဖူးတယ်……
အလှမ်းဝေးသွားခိုက်မှာ
အလွမ်းတေးနဲ့လိုက်ရှာပေမယ့်
အရမ်းဝေးတဲ့အရပ်ကမ္ဘာ
နှုတ်မဆက်ပဲထွက်ခွာသွားသူကြောင့်
အလွမ်းဆိုတဲ့သေမင်းလက်မှာ
နှလုံးသားကိုအပ်နှင်း
(ရင်ဝကို)
ဆင်နင်းခံရဖူးတယ်……………………………။ ။
Comment #3
အလွမ်းတေးနဲ့လိုက်ရှာပေမယ့်
အရမ်းဝေးတဲ့အရပ်ကမ္ဘာ
နှုတ်မဆက်ပဲထွက်ခွာသွားသူကြောင့်
အလွမ်းဆိုတဲ့သေမင်းလက်မှာ
နှလုံးသားကိုအပ်နှင်း
(ရင်ဝကို)
ဆင်နင်းခံရဖူးတယ်……………………………။
By: May Kha at May 23, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
a me layyyy
pa loat toat g,,
ekkkkkkkkkk 😛
sa ka lone a g g tway ne pyit pout nay par de byoe,.. 😛
really nice strong lovely poem.
bbut ,,plz don’t think like that.
both men & women are same.
not only men but also women have proud.
coz all are human beings,
plz don’t say one-sided decision.