အလွမ်းရောင်ဆောင်သောနှင်းဆီ
ဘယ်လိုမနက်ဖြန်မျိုးကမှ
ထူးပြီးခါးသက်မနေတော့ဘူး
အဲဒီ တစပြင်လေးကသာ ချုပ်ငြိမ်းသွားခဲ့တယ်
ဘူတာကတော့ ငါ့ဆီ ပြန်ရောက်မလာတော့ဘူး
ငါ့ညတွေလဲ ပြောင်းကမှုတ်ထုတ်လိုက်တဲ့မီးခိုးတွေလို
ဆွဲဆွဲငင်ငင် အူအူကြီးဖြစ်နေတာ ကြာ . . . ပြီ ။
ဆွတ်ပျံ့နာကျင်နေတဲ့
လက်ဝဲဖက်ရင်အုံမှာ ထင်ထင်လင်းလင်း
ကပ်ငြိနေတဲ့ အမှတ်တံဆိပ်က သူ မဟုတ်ဘူးဆိုတာ
အသိ နောက်ကျခဲ့တယ် ။
မနက်ဖြန်ခါတွေဟာ . .
မနေ့ကလိုမျိုး မဖြစ်နိုင်တော့ဘူးဆိုတာ သိပေမယ့်
ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုအတင်းဆွဲဆန့်ပြီး
မနေ့ကဆီ အရောက်ပြန်ချင်တယ်
(အစွန်းရောက်တက်သူလေးကလဲ အစွန်းရောက်မြဲရောက်ဆဲ) ။
ကိုယ်တို့ရဲ့ရှေ့ဖြစ်တွေဟာ ကိုယ်တို့ရဲ့အနာဂတ်ဖြစ်ရမယ်ဆိုသူလေးရဲ့
စကားသံတွေက နီဆွေးဆွေး နှင်းဆီတစ်ပွင့်လိုပဲ
အိပ် မက် ဆန် နေ တယ် ။
တကယ်တော့ ကိုယ်လဲမှုံဝါးဝေ့သီနေတဲ့ အဲဒီမနက်ဖြန်တွေကို
အားကောင်းမောင်းသန် အရောင်ပြောင်းချင်လှပြီ
မဖြစ်နိုင်မှန်းသိပေမယ့် ကိုယ့်အလင်းရောင်လေးကို
စောင့်မျှော်နေချင်သေးတယ် ။
တစ်နေ့ပြီး . . တစ်နေ့ ဆိုပေမယ့်
မနက်ဖြန်ဟာ မနေ့ကနဲ့ထပ်တူမကျနိုင်ဘူးဆိုတော့
ဘုရားသခင်အလိုတော်အတိုင်းပေါ့
ခုတော့ ကောင်းကင်ကိုမော့မကြည့်မိဖို့
ကိုယ်ကြိုးစားနေပါတယ် . . ။
နတ်သမီး
Comment #3
nothing is impossible,
everything is up to u,
never give up easily,
ur goal is near u..
trying is the best policy,
fighting,
Comment #1
ဘယ်လိုမနက်ဖြန်မျိုးကမှ
ထူးပြီးခါးသက်မနေတော့ဘူး
အဲဒီ တစပြင်လေးကသာ ချုပ်ငြိမ်းသွားခဲ့တယ်
ဘူတာကတော့ ငါ့ဆီ ပြန်ရောက်မလာတော့ဘူး
ငါ့ညတွေလဲ ပြောင်းကမှုတ်ထုတ်လိုက်တဲ့မီးခိုးတွေလို
ဆွဲဆွဲငင်ငင် အူအူကြီးဖြစ်နေတာ ကြာ . . . ပြီ ။