ဒသနမပါသောအတွေးအပိုင်းအစများ………
လူသားတစ်ယောက်ရဲ့ကမ္ဘာ
ကာရန်မပါဘူး..
အဖွဲ့အနွဲ့မပါဘူး…
အတ္တတွေပဲပါတယ် ။
ရူးမလိုလိုဖြစ်နေရတာထက်
ရူးသွားတာကပိုကောင်းလိမ့်မယ်…
စဉ်းစားစရာတွေများပေမယ့်
ခဏလောက်မေ့ထားရင်ပေါ့သွားလိမ့်မယ်….
ခါးသက်သက်အလွမ်းတွေကို
ကော်ဖီဖျော်သောက်လိုက်…
မှားခဲ့တဲ့အမှားတွေကို
သေချာမှတ်သားလိုက်
ဒါဆိုအဆင်ပြေသွားမယ်လို့ပြောကြတယ်….
ဒါပေမယ့်..
ဘတ်စ်ကားစီးရင်း
ဒေါက်ဖိနပ်နဲ့အနင်းခံရရင်တော့
ဘယ်လိုမှအဆင်ပြေနိုင်မှာမဟုတ်ပါဘူး…….
တည်မြဲနေခဲ့
တည်မြဲနေဆဲ
တည်မြဲနေဦးမယ့်အရာ
လောကကြီးမှာတစ်ခုပဲရှိတယ်တဲ့
အဲဒါ….မတည်မြဲခြင်းဆိုပဲ
ဒါဆိုနိဗ္ဗာန်ကဘာဖြစ်သွားမလဲ????
ထားလိုက်ပါတော့
ပိုနေမြဲကျားနေမြဲပေါ့
တစ်ခုခုကိုစူးစိုက်ပြီးတွေးမိရင်
မူးမိုက်လာတတ်တာဘာကြောင့်လဲ????
မှားပါတယ်ဆိုမှ
အပြစ်တွေတင်နေကြတယ်…
ရှုံးပါတယ်ဆိုမှ
ဝေဖန်တာခံနေရတယ်….
မရှိပါဘူးဆိုမှ
သူဖုန်းစားကပိုက်ဆံလာတောင်းတယ်….
ဟူး…………….
မောနေပေမယ့်
ရေငတ်လားမေးတဲ့သူတစ်ယောက်မှမရှိဘူး..
ကိုယ့်ထမင်းကိုယ်စားပြီး
သူများအတင်းပြောတဲ့ပါးစပ်တိုင်း
အာပုပ်စော်နံမယ်ထင်တယ်……..
မှားသွားပြီလားလို့
မတွေးတော့ဘူး
မှန်ပါတယ်လို့လဲ
အသံကောင်းမဟစ်တော့ဘူး
အမှန်အမှားကိုဆုံးဖြတ်ဖို့
ငါ့မှာအသိတရားလုံလုံလောက်လောက်မရှိဘူး……
အရာရာကိုကြောက်ပါတယ်ဆိုမှ
အာဏာဂုဏ်မောက်နေတဲ့လူနဲ့တွေ့နေရတယ်..
အံကြိတ်တိုင်းသာ
သွားတစ်ချောင်းကျိုးမယ်ဆို
၁၃နှစ်သားလောက်ကတည်းက
သွားတစ်ချောင်းမှရှိတော့မှာမဟုတ်ဘူး….
မလေးစားလည်းချီးမွမ်းပေးပါ့မယ်
စိတ်မပါပေမယ့်နားထောင်ပေးလိုက်တယ်
မနာလိုသော်လည်းလက်ခုပ်တီးပေးဦးမယ်
ဒါပေမယ့်……
နောက်ကွယ်မှာလှောင်ပြုံးနေမယ်ဆိုတာသိထား….။
အရူးတစ်ယောက်ရဲ့ကဗျာ
ကာရန်မပါဘူး
အဖွဲ့အနွဲ့မပါဘူး
ရူးသွပ်မှုတွေပဲပါတယ်………………။
Comment #2
ဟုတ်တယ်
ကြိုက်တယ်
မှားပါတယ်ဆိုမှ
အပြစ်တွေတင်နေကြတယ်…
ရှုံးပါတယ်ဆိုမှ
ဝေဖန်တာခံနေရတယ်….
မှားသွားပြီလားလို့
မတွေးတော့ဘူး
မှန်ပါတယ်လို့လဲ
အသံကောင်းမဟစ်တော့ဘူး
အမှန်အမှားကိုဆုံးဖြတ်ဖို့
ငါ့မှာအသိတရားလုံလုံလောက်လောက်မရှိဘူး……
Comment #3
ကဗျာလေးကကောင်းတယ်ဗျာ . . .
တစ်ခုလေးပဲ
(တည်မြဲနေဦးမယ့်အရာ
လောကကြီးမှာတစ်ခုပဲရှိတယ်တဲ့
အဲဒါ….မတည်မြဲခြင်းဆိုပဲ
ဒါဆိုနိဗ္ဗာန်ကဘာဖြစ်သွားမလဲ????)
ဒါတော့ အတွေးအခေါ်နဲနဲလွဲသွားတယ်ထင်တယ်
ဒါပေမယ့်
ကောင်းတယ် . . .
Comment #1
ကြိုက်တယ်……..