စိတ်လျှော့ထားတယ်ဆိုပေမယ့်….
ဆုတောင်းခဲ့ဖူးတယ်..
ဘယ်သူခွဲခွဲ မကွဲအောင်လို့…
ဘယ်သူတားတား မခြားအောင်လို့…
ဘယ်လိုဖြတ်ဖြတ် မပျက်အောင်လို့…
သစ္စာစကားတွေအထပ်ထပ်..
ကတိတွေအလီလီနဲ့…
အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့မိတာ…
ခွဲရမယ့်ဒဏ် မခံစားရဖို့အတွက်လေ…
သတိမရှိတဲ့ငါ..
တရားမရှိတဲ့ငါ…
တချိန်မှာခွဲခွာဖို့..
ဒီတစ်ကွေ့မှာ ဆုံစည်းခဲ့ရတာကိုမျက်ကွယ်ပြု
ရင်ထုမနာဖြစ်နေပေမယ့်
ဆုတောင်းမပြတ်ခဲ့တာ…
ဘယ်တော့မှမဝေးချင်လို့လေ…
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်…
အဲဒီမျှော်လင့်ချက်နဲ့
မိုက်မိုက်ကန်းကန်းရှေ့တိုး
လိုချင်တာမရတဲ့ ကလေးတစ်ယောက်လို
ဘုရားရှေ့မှာ နားပူနားဆာတိုက်
ဒီစိတ်မိုက်တွေနဲ့ပဲ
ကိုယ့်ကိုယ်ကို မီးတင်ရှို့ခဲ့တာ..
အချစ်ဆုံးမင်းနဲ့ မခွဲချင်လို့လေ….
စိတ်လျှော့လိုက်ပြီ..
နောက်ဆုတ်လိုက်ပြီ…
လွန်ဆန်မရတဲ့ ဓမ္မတာကို
ဖက်မပြိုင်အန်မတု
အလွမ်းတွေကိုပဲ စုထားပြီး
ဒီလူသား အလံဖြူထောင်လိုက်ပြီ…
ဒါပေမယ့်..
ခွဲရမယ့်အချိန်က
သိပ်ကိုစောလွန်းတယ်…..
ဘယ်လိုဖြေဖြေမပြေနိုင်ပေမယ့်
ဘယ်လိုဖျောက်ဖျောက်မပျောက်နိုင်ပေမယ့်
စိတ်လျှော့ထားတယ်ဆိုပေမယ့်..
မျက်လုံးမှိတ်လိုက်တိုင်းမှာ
သတိရခြင်းတွေဖိတ်ဖိတ်ကျလာတော့..
တိတ်တခိုးလေးဆုတောင်းဦးမယ်..
အမြဲတမ်း လွမ်းနေခွင့်လေးတော့
ထာဝရပိုင်ဆိုင်နိုင်ပါရစေ………
Comment #2
oh,,,poor u,
sorry to read,
nice writing styles & choice of words,
Comment #1
good