ကျေးတောသား
ကိုယ့်အရိပ်ကိုယ် ဆူးခက်နဲ့အုပ်ပြီး
လိုရာဆုတောင်းလို့ရရင် ကောင်းမယ်
ဘ၀မှာ သူပျော်အောင် ဘယ်လိုချစ်ရမလဲ
မျက်ဝန်းပြတင်းကတစ်ဆင့် စိတ်ရှုခင်းကို မြင်ပြီလား
ကဗျာပေါ်အိပ် ကဗျာနားစားမိုက်မဲမှုဟာ စုံလုံးကန်းပဲ
အ,နေတဲ့အာရုံတွေက ထောင့်မှန်ပြန်လာတဲ့မင်းရဲ့အလင်းကို
အကြောက်အကန် ငြင်းပယ်
တဇွတ်ထိုးထင်ရာစိုင်းတတ်တာ မကောင်းမှန်းတော့ ငါ သိတယ်
`ယဉ်ကျေးမှု´ရယ်လို့ ခေါ်တွင်စရာစကားလုံးလောက်မှ မကြားခဲ့ဖူးတော့
စရိုက်အိုကို ရေမရောဘဲ မြိုချမိတာပေါ့
ငါ မင်းကို ချစ်မိတာ အံ့သြတယ်
မင်း ငါ့ကို နားလည်တာ ငါ ပိုအံ့သြနေမိ
ခိုးသားဓားပြတွေ ကောက်ယူမွေးစားခဲ့တဲ့လေလွင့်ငှက်ဟာ ငါလား
အချစ်ကို စလွယ်သိုင်းပြီး စူးစူးဝါးဝါး ရိုင်းခဲ့တယ်
ကိုသျှား
Comment #2
အားပေးသွားပါတယ်.
By: May Kha at May 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
super like..