(အလွမ်း) နေ့ရက်ရှည် (မင်းကိုချစ်တဲ့သူ)
တကယ့်ကို လွမ်းမိပါတယ်
အလွမ်းတွေနဲ့ နေ့ရက်တွေထဲ
ရှင်သန်ခြင်းဆိုတာ မသိနိုင်လောက်အောင်
အလွမ်းတွေ နှစ်ချို့နေခဲ့ပြီ…
အပြစ်တစ်ခုနဲ့ ရှေ့ဆက်
ဆုံနိုင်ခြင်းဆိုတဲ့ ဆန္ဒကို
အသက်သွင်းလို့ ဘ၀ကိုဆက်ရင်း
အတ္တတွေထပ်ကိန်းတင်ခဲ့ပြီ…
လူတွေဆီက ငါသင်ယူတယ်
ငါ့အတ္တကို ငါပြုပြင်တယ်
အထီးကျန်ဆန်တဲ့ အခိုက်မှာတော့
ငါအရမ်းကို တကိုယ်ကောင်းဆန်တတ်ခဲ့တယ်…
ငါဟာ ငါမဟုတ်တဲ့ငါပါ
နင်ဟာလဲ နင်မဟုတ်တဲ့နင်ဖြစ်ခဲ့တယ်
နင်ဖြစ်ချင်တဲ့ငါ ဖြစ်ရဖို့
မျှော်လင့်ခြင်းတွေ စည်းခြားခဲ့ပါပြီ…
တခြားလူတွေလို ငါဟာလဲ
ဥယျာဉ်းမှူးကောင်းတယောက်ပါပဲ
ဒါပေမယ့်…
ခူးခွင့်မရှိတာကိုတော့ ဘယ်သူသိနိုင်မှလဲ…
အချိန်တန်လို့ ပြန်သွားတာ
သဘာဝတရားပါ
အချိန်မှန် မရောက်လာနိုင်တာက
ကံတရားဖြစ်နိုင်တယ်
ဒါပေမယ့် ငါ့တို့တွေဝေးသွားရင်တော့
ငါ့တို့ရဲ့ ညံ့ဖျင်းမှုကြောင့်ပေါ့…
အေးချမ်းလှတဲ့ လရိပ်အောက်မှာ
ငါ့ရင်တခုလုံး နွေရာသီရောက်ခဲ့တယ်
ဆောင်းလေညှင်းရဲ့ ပင့်သက်အောက်မှာ
သစ်ရွက်ကြွေသလို ငါ့ကိုငါခြွေချပစ်လိုက်တယ်
ဘယ်သူများ သတိထားမိလို့လဲ…
Comment #1
yoe yoe lay be tway kyi par,,,,
yoe yoe lay pe sin sar kyi,,,,
a myar g ma lo par bu,,