နင်ကျေနပ်မယ့်နေရာ
ရှင်သန်ခြင်းတွေကင်းမဲ့နေတဲ့
နှလုံးသားတစ်ခုရဲ့ တောင်းဆုပြုနေတဲ့အသံကို
နင်ကြားနိုင်ပါစေလို့ ဆုတောင်းရင်းနဲ့
နင့်ရဲ့အဝေးမှာ အမြဲတမ်း
တမ်းတနေမိဆဲပါ…………
တမ်းတခြင်းရဲ့နောက် အဆုံးအစမဲ့ချစ်ခြင်းတွေ
ငါ့ရင်ဘတ်ထဲ အပြည့်ရှိပေမယ့်
နင့်ဆီကအလွမ်းတွေသာရရှိခဲ့တာ
ငါဆုတောင်းမှားခဲ့လို့လား…….ချစ်ရသူရယ်…………..
စွန့်ပစ်လို့မရနိုင်တဲ့ ငါ့ခံစားချက်တွေရဲ့
အဆုံးစွန်ရောက်တဲ့အထိ အလိုလိုက်ခဲ့မိတာ
ငါ့အပြစ်တွေဖြစ်ခဲ့ရင်တောင်
ငါ့အပြစ်တွေအတွက် တစ်သက်လုံး
ငါ့အချစ်တွေနဲ့ပေးဆပ်နေမှာပါ………..
နင်ကျေနပ်နိုင်မယ့်
နင့်ရဲ့ အဝေးတစ်နေရာကပေါ့………………
Comment #2
*_*
*_*
*_*
By: ei lay at Dec 6, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
a kone lone kyay nat par de,,
1 khu pe,, 🙁
a way hmar nay p bar loak hmar le?
a way hmar nay p be lo kar kwe saunt shout hmar le?
a way hmar nay p be lo kyin nar hmar le?