စာမျက်နှာသုံးဆယ့်သုံး အစ
ဒီနေ့က
ပုံမှန် တနင်္ဂနွေနေ့ ပါပဲ.. မေမေ။
..မွေးနေ့က
မွေးခဲ့တဲ့နေ့ရဲ့ တစ်နှစ်တစ်ခါ တိုက်ဆိုင်မှုမှတ်တမ်း..။
ပထမဆုံး …လူကြီးဖြစ်ပြီလို့ ရင်ခုန်ခဲ့တာကို ပြန်တွေးတိုင်းတော့
ဆယ့်ရှစ်နှစ်သမီးလေးကိုလွမ်းနေတယ်..။
အခု သုံးဆယ့်နှစ်..
.ဘာတွေပျစ်စလတ်ခတ် အောင်မြင်ခဲ့ပြီးပြီလဲ..ကျရှူံးခဲ့ပြီလဲ..
ဘာတွေကိုဆုပ်ကိုင်ဖို့ ဘာတွေကိုလွှတ်ချခဲ့သလဲ..
မိုင်တိုင်တွေအတိုင်း..နောက်ပြန်လှည့်ကြည့်…
ခရီးတစ်ခုလုံးက ခလုတ်တွေချည်း….။
အမှန်တွေသိပ်နည်းပေမယ့်အမှားတွေကြားထဲ ပျော်မနေအောင်..
မတော်လှန်နိုင်သေးတဲ့ မတရားမှုတွေထဲ..တစ်သားတည်းမကျတတ်အောင်..
….နေရင်း…..
.အင်္ဂါနေ့မှာမွေးခဲ့တဲ့ သမီးလေးဆိုတာ..
..ဒီအချိန်မှာ အမာရွတ်တွေနဲ့ …
.မှိန်ဖျော့ဖျော့သူရဲကောင်းတစ်ယောက်ပါ မေမေ..။
စိတ္တဇနာမ်..အပြုံး…ဆုတောင်းခြင်းများ.
ပြန်လှန်ကျေးဇူးတင်ခြင်း..နဲ့..မိုင်တိုင် သုံးဆယ့်သုံးကို
စတင်ဖွင့်လှစ်လိုက်တယ်..
ပုံမှန် တနင်္ဂနွေနေ့.ပါပဲ..
……..မေမေ။
ခေးလ..
၎၊ ၉၊ ၂၀၁၁
Comment #1
သုံးဆယ့်သုံးပြီ သုံးဆယ့်လေးး . . လာအုံးမယ်