မာရီယာ ၎
ငါ့လက်နဲ့ ဆုပ်ကိုင်ဖို့ မထိုက်တန်တဲ့ သွယ်လျလျမင်းလက်ချောင်းလေးတွေကို
ငါ့စိတ်နဲ့ မွှေးကြူနမ်းရှိုက်လိုက်မိတယ်
ငါ့အနာဂတ်နဲ့ ထိတွေ့ခွင့်မသာတဲ့ မင်းကိုယ်သင်းနံ့လေးတွေကို
ငါ့အိပ်မက်နဲ့ ပိုက်ထွေးပွေ့ဖက်လိုက်မိတယ်
မင်းနာမည်ဟာ ငါ့လက်မှာ အရိုးစွဲအောင် စိုက်ဝင်နေတယ်မာရီယာ
ဘယ်နေရာကြည့်ကြည့် မင်းအရိပ်တွေချည်းပဲ
ဘာကိုပဲကြားကြား မင်းအသံတွေချည်းပဲ
မင်းနဲ့ပတ်သက်ရင် ငါ့အရာရာဟာ သိမ်ငယ်ကျုံ့ဝင်လို့
မင်းနဲ့ပတ်သက်ရင် ငါဟာ အမှောင်ကျလို့
ငါမလိုအပ်တဲ့အရာတွေက တန်ဖိုးကြီးတယ်
ငါလိုအပ်တဲ့မင်းက တန်ဖိုးဖြတ်လို့မရဘူး
လူပေလူတေတစ်ယောက်ရဲ့မိုက်မဲတဲ့ချစ်ခြင်းမေတ္တာနဲ့မှ
ခြွေချခံနေရတဲ့နတ်သစ်ရွက်ဟာ မင်းလား
ငါ့ရဲ့အရိုင်းဆန်မှုမှာ မင်းဂုဏ်သိက္ခာ ဘောင်ဘင်ခတ်ခဲ့ရပေါ့
နွေလို့ခေါင်းစဉ်တပ်ထားတဲ့ အရှင်လတ်လတ် ငရဲခန်းထဲ
မင်းနဲ့ငါ ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် ပူလောင်နေကြရတယ်မာရီယာ
ကိုသျှား
Comment #2
Ei Lay pyaw ta lo pae 😛
Comment #3
အတွေးအခေါ်ကောင်းသည် ရေးတတ်သည် ရွေးတတ်သည်
ရှင်းရှင်းပြောရရင် ကိုသျှားကဗျာတွေက အလေးတွေများပေမယ့် ဖတ်တဲ့သူအားမလိုအားမရဖြစ်ရတဲ့ကဗျာမျိုးတော့ မတွေ့သေးဘူးဗျ
ကဗျာကောင်းလေးမို့ ဖတ်သွားကြောင်းပါဗျာ ~~
With respect,
RAY
Comment #4
Maria …..
Comment #1
so nice?
powerful simple lovely lover.