“ရပ်စောင့်မိသူ”
အသည်းကိုကစား ပြုစားခဲ့သော်လည်း
ပစ်မုန်းမထင် အချစ်ဆုံးဟုပင်
မှတ်ထင်ထားတယ် ထားသခင်……။ ။
ဆုံးဖြတ်ရခက်တယ် မင်း ချစ်ခဲ့တယ်လို့
မြင်ရပေမယ့် ဝေးခဲ့ရတဲ့
ဒီ မောင်မှာ ဖြေ ပြေနိုင်စရာရယ်မရှိ…..။ ။
ခြေရာတွေ ရပ်တန့်မသွားပေမယ့်
မမှီလိုက်တဲ့သူရဲ့ ဆင်ခြေတစ်ချို့မှာ
အားငယ်မှုတွေ ထိုးထွက်နေခဲ့ပေါ့
ငါ အပြုံးတော့ မပျက်ခဲ့ဘူး…..။ ။
ရပ်စောင့်နေမယ်လို့ မယုံကြည်ပေမယ့်
စောင့်ငဲ့အကြည့်တွေတော့ လိုချင်မိတယ်
ဘာပဲဖြစ်ဖြစ် ငါအားတက်ချင်လို့ပါ ထားရယ်…။ ။
ဘာလိုလိုနဲ့ တစစကွဲကွာ
စွန့်ခွာသွားသူတွေကို ရပ်စောင့်နေသူအချို့
ကျန်ခဲ့တယ်၊ ရှိနေသေးတယ်ဆိုတာ
“ထား” သိနိုင်မယ်ဆိုရင်…..
ငါ အားမလျော့ဘူး ရပ်စောင့်နေမယ်
ရပ်စောင့်မိနေအုံးမယ် ထားသခင်…..။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
nice cute poem.
feel upset after reading poem.
so touching,
why r u waiting?
why don’t u try?
time & tide doesn’t wait,,so don’t waste the prescious time,