မုတ်သုန်လွမ်းချင်း
မရည်ရွယ်ရိုး အမှန်ပါ
နင့်အကြောင်းတွေထိုင်ကာတွေး
မိုးလင်းခဲ့ဖူးတယ်
ခုထိတော့ အဖြေရှာမရသေးဘူး
ညီမျှခြင်းတွေအကြောင်းကို…
ရင်နဲ့မဆန့်တော့လို့
မြက်ခင်းပေါ်မှောက်ခါအိပ်
ဟာလာဟင်းလင်းကောင်းကင်ကြီးကိုကြည့်
ကဗျာလိုလိုစာလိုလိုတွေ ချရေး
အဲလိုလွမ်းတတ်တဲ့အချိန်မှ
ငါ့ကိုယ်ငါသံပတ် ပြန်ပေးမိတယ်
နင့်နဲ့ငါအချိန်တော်တော်ကွာနေပြီ …
အိုးနင်းခွက်နင်းအိပ်မက်အသေတွေနဲ့
စာစီကုံးမိတဲ့နင့်အပြုံး
သတ်ပုံတွေလဲမမှန်သေးပါဘူး
တကယ်တော့နားလည်ပါတယ်
မှောင်တခါမိုက်တလှည့်
ငါလို … တေလေကောင်းကောင်မှာ
ဘယ်လိုကြယ်မျိုးက တောက်ပချင်ပါ့မလဲ
ထိရှလွယ်တဲ့ ငါ့နှလုံးသားလည်း
ဟန်ဆောင်ခြင်းနဲ့ ပါဆယ်ထုပ်
နင်ပစ်ခွင်းမယ့် မြားချက်တွေကြောက်လို့တော်ပါပီ …
စောစောစီးစီး အိပ်တန်းတက်တော့မယ်…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
mike de,
nice poem