စောမေ ၏ ကဗျာများစုစည်းမှု
ပြည်သူ့အချစ်တော်
ပြည်သူရဲ့ ချစ်စိတ်
ယိုဖိတ်လို့စီးဆင်း
ဧရာဝတီရယ်မမှီဘူး
ပြိုင်လာရင် မင်းဘဲရှုံးလိမ့်
စုကိုဖြင့်ချစ်လို့မဝဘူး…..။
စိုးရိမ်စိတ်
မစုကိုမြင် ငိုချင်ရဲ့တားမရဘူး
ဗေဒါပြန် အံကိုခဲ့တဲ့
သူ့ရုပ်သွင်အားရှိလို့ ကြည်နူး
တို့ဖခင် ဗိုလ်ချုပ်ကိုဖြင့်
ပြလိုက်ချင် လူထုကိုလ
တစ်သိန်း မကဘူး
အမေလို့ခေါ်တဲ့ အသံ
ဘဝဂ်ကို ညံပါလို့
မိုးမချုပ်ချင်ဘူး
မိုးချုပ်ရင် တစ်ဖန်ခွဲရမှာမို့
စိတ်မချချင်ဘူး….။
မင်္ဂလာအပေါင်းခညောင်းတဲ့အန်လပ်ကီး (၁၃)ရက်နေ့
Unlucky ရက်မြတ်(၁၃)ကိုဖြင့် အလှဆင်
မင်္ဂလာအပေါင်းနဲ့ ခညောင်း
နေဝင်လို့ နေထွက်
ဘယ်လိုဖြင် ကုန်မှန်းမသိ
လူထုရဲ့
အံ့လို့ပင် မဆုံး
အဖွားအို အဖိုးအိုပါမကျန်
တာလမ်းကို ခေါင်းအုံး
နေထွက်လို့မျှော်ခဲ့သာ် နေဝင်၍မိုးချုပ်
မင်္ဂလာအချိန်ကြပြီမို့
ဗေဒါငယ်မမမှာတော့
လူထုရဲ့ရေစီးကြောင်းရှေ့
ပေါ်ထွက်လို့လာခဲ့ကြည့်လို့ပင်
ရှုမငြီးတယ် ကျသရေအပေါင်းခညောင်း….။
အောင်နမိတ်ထူးတဲ့တနင်္သာရီ
ဝေဟင်မှ လေယဉ်
မြေပြင်သို့ မရောက်ခင်
လူထုရဲ့ ဟစ်ကြွေးသံ
မိုးချုန်းသို့ ညံ၏
သက်ရှည် ကျန်းမာအောင်စေကြောင်းနဲ့
မေတ္တာပို့ ဆုတောင်းသံ
ကျက်သရေ ရှိလှပါဘိ
လေယဉ်ကွင်းသို့ဝင်လာ
လူငယ် လူကြီး ကလေးပါမကျန်
အဖိုးနဲ့အဖွားအို တုန်လို့ရယ်ချိချိ
မြင်ရသူ အားရှိလှတယ်
ဝမ်းသာ ပိတိ
ရေဖြူနဲ့ လောင်းလုံး
မောင်းမကန် သရက်ချောင်းရယ်
ကားကြီး ကားငယ် အသွယ်သွယ်
ဆိုင်ကယ်နဲ့ ကြိတ်ကြိတ်တိုးတယ်
ထမင်းရယ်ထုပ် ည(၂)ချက်ကချီတက်တယ်
အာရုဏ်ကျင်း အလင်းပေါက်လို့ လေယဉ်ကွင်းအရောက်
ဆိုင်းဘုတ် ကြီးငယ် ၊ အလံကြီးငယ် အလံငယ်ရှေ့လို့
ကာရမ်းပြ အလံငယ်မှာလ နဖူးနဲ့ပါးပြင်
ပါးကွက်ငယ် ချယ်ကာသတယ်
ကြည့်လို့ပင်ကောင်း။
လေဆိပ်မှ ရေးလမ်းဆုံ
ရေးလမ်းဆုံမှ အုတ်တံတား
လူထုရဲ့ သွားတဲ့ဟန်
မောင်းမကန်လှိုင်းကြီးအလား
ပန်းစီးကြီးငယ် အပွင့်ရယ်စုံလှ
နှင်းဆီ သစ်ခွ စပါပယ်
ရနံ့ငယ် ကြိုင်လှတယ်။
နေထွက်မှ နေဝင်
တမော့မော့ မမောနိုင်
နေပူကို အံတု
ပြုံးတပျော်ပျော် ပျော်ရွှင်ကြ
ထားဝယ်သားများတို့ရယ်
အားရလို့ကြည်နူး။
စောမေ