စောမေ၏ ကဗျာများ စုစည်းမှု(၂)
အတ္တကြီးတဲ့လူ့ဘဝ
သေရွာသွားတော့ ၊ ဗလာတည်း ၊
မသေခင်တော့မာနကြီး ။
ငါ့အိမ် ၊ ငါ့ယာ ၊ ငါ့ဥစ္စာ
အတ္တကိုစွဲ ။ ဒုက္ခပဲဘဲ ။
စွဲလန်းခဲ့တဲ့ ၊ ဒုက္ခဟာ ၊
ကိုယ့်ကိုနှိပ်စက်ရှာ ။
ဘယ်ခါမမြဲ ၊ အနိစ္စ
ငါ့ကိုယ်မဟုတ်တဲ့
အနတ္တ
အမြဲရှုပါ့ ဒုလ္လဘ ။
စောမေ
သံသရာကောင်းရန် ( အဖြည့်ခံ )
အတိတ်ကံမွဲသမို့
ယ္ခုလုပ်သမျှအရာမထင် ။
ဘယ်လောက်ပင်စေတနာထားသော်လဲ
ကိုယ့်ကိုဖြင့်အပြစ်မြင် ၊
ကိုယ့်ပြုသမျှ ကုသိုလ်ကံ
ကိုယ်ခံရမှာမို့
ယ္ခုဘ၀တော့
အဖြည့်ခံ ။
ဘယ်သူတွေ ၊ ဘာလိုသလဲ
ကိုယ်ကဘဲဖြည့်စွမ်းတယ်
တတ်စွမ်းသမျှကူညီမယ်
နောင်သံသရာကောင်းဘို့အရေး ။
စောမေ
ဝဋ်ကြွေး
အသဲဦးမှာ
သစ္စာတွေလဲစူးခဲ့ပြီ
ချစ်တဲ့သူလဲ မုန်းခဲ့ပြီ
မချစ်တဲ့သူလဲမုန်းသည်
ခွင့်လွှတ်လျှက်ချစ်နေသည်
ဝဋ်ကြွေးရှိသမျှ
ကျေစေရဲ့ ၊ ကုန်အောင်ဝဋ်ကြွေး
သည်ဘ၀မှာဘဲ
ကျေအောင်ဆပ်ခြင်ရဲ့
ကိုယ်ကတော့ချစ်သနဲ့
သံသရာမှာဝဋ်ကြွေးတခုလို
နေချင်သနဲ့ ၊ မေတ္တာဘွဲ့ ။
စောမေ
အေးချမ်းကမ္ဘာ
ကျေးဇူးတရားမေ့သူများ
ဘယ်ခါမကြီးပွါး ။
တလုပ်စားဘူး ၊ သူ့ကျေးဇူး ၊
သေသည်အထိမမေ့ဘူး ။
တစ်ဆယ်နဲ့တစ်ကျပ် ၊
ဘယ်ဟာကတန်ဖိုးရှိ ။
တစ်ကျပ်နဲ့ဆယ်ပြား ၊
ဘယ်ဟာကတန်ဖိုးရှိ ။
ငါတော့ကွယ် ၊ ဘယ်ဟာမှ
တန်ဖိုးမရှိ ။
သေရင်ကွယ် ၊ သုဿန်သို့
အတူတူသွားကြစို့ ။ ။
စောမေ
စိတ်အလှ
ငါဆပ်ရတဲ့ဝဋ်ကြွေးများ
ဘယ်သူနဲ့မှမတူပါ
စိတ်ရောကိုယ်ပါ
နွမ်းကျေတာ
ယ္ခုဘ၀ပင် ၊ ကုန်အောင်သာ
ကျေအောင်ဆပ်မည်ကွာ
ဖြူစင်စွာ ၊ နှလုံးသား
စင်ကြယ်စွာပင်ထား
နောင်ဘ၀များ ၊ မပါစေရ
ဒီဘ၀မှာဘဲ ၊ ကုန်အောင်ပ
ကျရာသရုပ်ကိုတူအောင်ပင်
လုပ်ဆောင်ရသည်တွင်
စိတ်ဆင်းရဲလှ ၊ သည်ဘဝ
ပီတိများနဲ့ ၊ မချိပြုံးပြ
အသဲနှလုံးကိုခိုင်ခိုင်ထား
အားအင်ဖြည့်လို့
ထမ်းဆောင်သွား
ကျေပွန်ရစေသား ။
စောမေ
မဖြေတဲ့ကြိုး
သံယောဇဉ်ကြိုး
ချည်နှောင်သုံးခဲ့
ဘယ်သောအခါမှ
မဖြေပါ ။
ဘယ်သူမုန်းမုန်း
အမြဲပြုံးလျှက်
တရားနဲ့ပဲဖြေတော့မယ် ။
စောမေ
Comment #4
ကဗျာကအရမ်းအောင်တယ်
Comment #5
Perfect
Comment #1
😛
😀
😛
nice