အလွမ်းပြေ
ငါ့အနားမှာ မင်းမရှိပေမဲ့ မင်းကိုသတိရနေတယ်။
မင်းရှိတဲ့နေရာကို လာခွင့်မရှိမှန်းသိပေမဲ့
မင်းကိုပဲတွေ့ချင်နေတယ်။
အရင်တုန်းက
အချစ်ဆိုတာကို ငါမသိပါဘူး။
မမြင်ရတဲ့အတွက် ငါမယုံဘူး။
မင်းပြောတဲ့စကားတွေကို
မင်းပေးတဲ့ ဂတိတွေကို
ငါနားမလည်ဘူး ဆိုပေမဲ့
မင်းမရှိတဲ့အချိန်မှာ
ငါစိတ်တွေက မင်းဆီပဲရောက်နေတယ်။
မင်းကိုပဲ သတိရနေတယ်။
နောက်ဆုံးတော့
မင်းအတွက်နဲ့ ကဗျာတွေရေးဖြစ်တယ်။
သီချင်းတွေညည်းဖြစ်တယ်။
မျှော်လင့်တတ်လာတယ်။
ကောင်မလေးရယ်
အချစ်ဆိုတာကို
ငါလက်ခံခဲ့ရတယ်…..။
Comment #3
Feel again & again
By: ei lay at Feb 9, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
yes,,that’s right,
it’s true love,
no way to avoid,miss & remember her everytime,,right?
that kind of the real feeling i love.