သုံးဆယ့်ခြောက်
၃၆ဆိုတာ
အရွယ်တော်လား၊ အရွယ်ကျော်လား
ပန်းပွင့်လေးတွေကိုတော့ ချစ်တတ်သေးတယ်
၁၆နှစ်ကလေးမလေးတွေကိုတော့ ရင်မခုန်တော့ဘူးလေ။
ကင်ဆာဖြစ်သလို ခြောက်ခြားခဲ့ရတဲ့ကာလတွေ လွန်ခဲ့ပြီလား
အိပ်မက်ကနေ ပါးရိုက်ခံလိုက်ရသလို လန်.နိုးဘူးလား
အသားမာဆိုတာ မနာတော့တာ မှန်ပေမယ့်
ရှေ.အဆက်ဆက်က နာခဲ့နာခဲ့နာခဲ့တာတော့ မမေ့သင့်ပေဘူး။
ပန်းပွင့်လေးကိုချစ်တတ်သေးရင်
မြေတူးတဲ့ ဥယျာဉ်မှူး လက်ကြမ်းကြမ်းမှာလည်း
အလှတရားရှိတယ်ဆိုတာ ၀န်ခံရလိမ့်မယ်
အရိပ်အေးအေးကို သဘောကျရင်
ကျီးပေါင်းတက် သစ်ပင်ကိုလည်း ချစ်တတ်ရလိမ့်မယ်။
မျက်ရွဲစိန်ပွင့်လေး အလှကိုကျော်ပြီး
စိန်သွေးသမားလက်က ဆောက်ရှရာကို ငါရှာနေပါတယ်
အသက်က ၃၆
ရင်သိပ်မခုန်တတ်တော့ဘူး
အရုပ်ဆိုးမှုမှာ ငါနေတယ်။ ။
Comment #2
har … kaung dae …. excellent

Comment #3
အသားမာဆိုတာ မနာတော့တာ မှန်ပေမယ့်
ရှေ.အဆက်ဆက်က နာခဲ့နာခဲ့နာခဲ့တာတော့ မမေ့သင့်ပေဘူး။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ha,,ha,,
a yan mike de