မျှော်လေတိုင်းဝေး………..
ငါ့မျက်ရည်ကျခဲ့ရင်တောင်မှ
နားခိုဖို့ရာအတွက် ပခုံးတစ်ဖက်
ငှားမယ့်သူ ငါ့မှာမရှိဘူး
ငါဝမ်းနည်းရင်တောင်မှ
နှစ်သိမ့်ပေးမယ့်သူ ငါ့မှာမရှိဘူး
ငါ ခလုတ်တိုက်ပြီး လဲကျရင်တောင်မှ
လက်တစ်ဖက် ကမ်းလင့်ပေးမယ်သူ ငါ့မှာမရှိဘူး
ငါသေရင်တောင်မှ
ဝမ်းနည်းမယ့်သူမရှိကြဘူး
နင့်ကိုလွမ်းမိရင်တောင်မှ
ငါ့အနားမှာ နင်မရှိဘူး
နင့်အသံကြားချင်လည်း
ငါ့ရဲ့အနီးမှာ နင်မရှိဘူး
လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတော့
ဒါတွေနဲ့ ဆန့်ကျင်ဘက်ပေါ့
အတိတ်က အဖြစ်အပျက်တို့
လွမ်းမိတယ်……………..
အရင်လို ပြန်ဖြစ်မယ်ဆိုရင်
ငါ ဘာကိုပဲပေးဆပ်ရပါစေ
လိုချင်မိတယ်….အရင်အချိန်ရယ်
နင်ရယ်…………..
Comment #2
မဖြစ်နိုင်ဘူးဆိုတာထက် မဖြစ်သင့်တော့တာပါ

Comment #3
aww,,aww,,.
so sorry to know,
🙁

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
1 ke pyan lo chin yin kyoe sar pop,,
1 ke chit yin pop lay,,
ma phyit naing bu so tar ma shi par bu,