JOKERဖဲလေး ငိုနေသည်
ငါက JOKER တကောင်ပါ..
ဘယ်ဖဲချပ်နဲ့တွဲတွဲနိုင်စေတတ်သူပေါ့
ဒါပေမယ့်………………
ငါမပါလည်း ပွဲဖြစ်ပါတယ်။
ငါ့မှာ .. ပင်ကိုယ်တန်ဖိုးမရှိဘူး
ငါ့မှာ..တယောက်ထဲရပ်တည်နိုင်စွမ်းမရှိဘူး
ငါမှာ…တကယ်တော့ ငိုပြခွင့် လည်း ….မရှိဘူး
တစ်မဖြစ်တဲ့ငါ…သုညလည်းမဖြစ်နိုင်ခဲ့ဘူး
ငါလေ….
သခင့်အတွက် ..နှစ်ဖြစ်ချင်ခဲ့တယ်
တစ်မရှိတော့တဲ့အခါ အရံသင့် တန်ဖိုးမြှင့်ပေးချင်လို့
ဒါပေမယ့်……………
.ငါက JOKER ..
ငါ့မှာ..တန်ဖိုးတိတိကျကျလည်း…မရှိပါဘူး။
တခါတလေတော့
သခင်မြင်အောင်
ကျေးတော် ကျွန် တော်မျိုး ငိုပြချင်မိတယ်
Joker ငိုတဲ့အခါ သခင့်ရင်မှာ တန်ဖိုးတခု တက်လာမလားလို့ပါ
ကိုယ်ပိုင်နံပါတ်ပျောက်နေတဲ့
ငါ့ကမ္ဘာမှာ
ငါဟာ..ငါမြင်အောင်တောင် မျက်ရည် ကျ မပြတတ်ဘူး
ဒါ့ကြောင့်လည်း
သခင့်လက်ဖ၀ါးနုနုလေးတွေထက်မှာ
အရံအဖြစ်ပဲ ရှိခွင့်ရတာ
ဘ၀ပေးကံပဲမို့…
.ဒီ JOKER တန်ခိုးလည်း မတက် ရဲ ခဲ့ပါဘူး။
နွေ မိုး ဆောင်း ပြောင်းလည်း
ဒီJOKER မပြောင်းမလဲ ရယ်လျှက်ပါပဲ
သခင့်ရင်အတွက်
အဟောင်းအနွမ်း အပြုံးဖြစ်နေလျှက်ပေါ့
ဒါတွေ သိ…သိနေပေမယ့်
ပြောင်း လည်း ပြင် ဆင် ခွင့် ငါ့မှာ မရှိခဲ့ပါဘူး။
သခင်ရေ………..
တွဲပါ နွှဲပါ
လိုအပ်ရာနေရာမှာ ငါ့ကို ရံထားပါ
နေရာတခု အတွက် ရေရာမှုလည်းမရှိ
Joker မပါလည်း
ပွဲဖြစ်နေတဲ့ လောကမှာ
ငါ့အသည်းကိုခွဲ အခြား ကိန်းဂဏန်းတွေနဲ့ ပဲ ပျော်နေပါတော့
ငါ့မှာ
သ ခင်ရွေး ချယ်/ပြောင်းလဲ ပိုင်ခွင့်လည်း……..မရှိခဲ့ပါဘူး။
Comment #2
wow,,,,
nice again.
so touching to me.
after reading this poem,i feel so sorry & want to cry.
don’t feel depress,,,believe urself,,,plz don’t cry,
everybody has his own ability.
noone is perfect,

Comment #6
အားပေး ဖေးမ ခြင်းများစွာအတွက် အထူးကျေးဇူးတင်လေးစားလျှက်ပါခင်ဗျာ

Comment #1
ကျွန်တော် သိပ်နားမလည်လို့ ကဗျာကိုတော့ မဝေဖန်တော့ပါဘူး။ ဒါပေမဲ့ ဂျိုကာဖဲပုံကို မြင်ဖူးသလောက်တော့ ရယ်ပြုံးနေတာပါပဲ။ ဒီတော့ မျက်ရည်ဟာ သူ့ပုံရိပ်မဟုတ်ဘူးလို့ ယူဆပါတယ်။ ဂျိုကာဆိုတာ ပြုံးနေမှ လှတာပါ။ ဂျိုကာဖဲလေး ပြုံးနေပါစေခင်ဗျာ ဆုတောင်းပေးပါတယ်။