ကျေးဇူးပါ သက်ထားရယ်..
နင့်အပြုံးတစ်ချက်ကြောင့်
ငါနင့်အချစ်မှာ မြောခဲ့တယ်ဆိုတာ မှန်ပါတယ်..
နင့်အနမ်းတစ်ချက်ကြောင့်
ငါမြတ်နိုးခဲ့တာမှန်ပါတယ်..
နင့်လက်ဖဝါးလေးကိုကိုင်ပြီး
ပြသနာတွေကို ရင်ဆိုင်ခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ်…
သတ္တိရှိရှိနဲ့ ချစ်ပေးခဲ့တဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ်..
သတ္တိရှိရှိနဲ့ လမ်းခွဲပေးပါလို့
ပွင့်ပွင့်လင်းလင်း တောင်းဆိုခဲ့တာကိုလည်း
ကျေးဇူးတင်ပါတယ်..
နင့်ရင်မှာ ငါမရှိတော့ရင်လည်း
ငါပျော်ပါတယ်…
နင်လည်းပျော်နိုင်ပါစေလို့လည်း
ငါဆုတောင်းပေးပါတယ်
ဒါပေမဲ့ ငါနင့်ကြောင့်
အသဲမကွဲဘူးဆိုတာ နင်ယုံထားပါ
နင်လှည့်ကွက်တွေက
ငါအတွက်တော့ သီချင်းတစ်ပုဒ်လို၊ ကဗျာတစ်ပုဒ်ပါပဲ..
ယောက်ကျားလေးအသဲကွဲရင် သီချင်းသစ်၊ကဗျာသစ်ရတယ်တဲ့
နင်ကြားဖူးမှာပါ.
ဘာပဲဖြစ်ဖြစ် အားလုံးအတွက်
ကျေးဇူးပါ..
နင်ဖတ်ဆို၊နားထောင်ဖို့ ငါရေးထားတာ
ခံစားကြည့်လှည့်ပါ…သက်ထား…
Comment #3
anhgsdjahgdakjsda
aw
ads

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
wow,,ha,,ha,,
yout kyar pi ta par pay de shin,,
a yan ko lae sar par de,