ရင်မှမိုး
ညိုယောင်ဆင်၊
ရင်ခွင်ကမိုး။
သူ တိမ်းလေရဲ့၊
သူစိမ်းတွေပြင်ပြင် ပမာမို့၊
အပူကိန်းသူ ရင်ခွင်မှာတော့၊
သခင် မကြင်နာ ဖျက်ခြွေရက်တာကြောင့်၊
မြင်မြင်ရာ မျက်ရည်စက်တွေက၊
ရက်ရှည်ဆက် ငွေ့ရည်ဖွဲ့ပါလို့၊
ဝေ့ကြွေရဲ့ မိုးတွေမစဲအောင်ကွယ်၊
သဲစွေလို့ဖြိုး။
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ …
ဟယ်ရီ
Comment #4
ဒါဆိုလည်း ပြီးရော . . .
By: laypyay at May 31, 2010
Comment #5
အခုလို အရေးတယူ ဖြေကြားပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။
By: laypyay at May 31, 2010
Comment #11
မိုး အကြောင်းထပ်ရေးပေးပါအုံး
တိုက်ဆိုင်တတ်လို့ ကြိုက်တာမဟုတ်ပေမယ့်
တိုက်ဆိုင်မှု့ရှိတော့ ပိုပြီးသဘောကျတာပေါ့
By: moemoe at Apr 30, 2011
Comment #12
ဒီကဗျာလေးကိုအရမ်းကြိုက်ပါတယ်…
နှင်းတွေအကြောင်းရေးထားတာမဟုတ်ပေမယ့်လည်းလေ..
🙂
By: နှင်းဖွေးလေး at Apr 30, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သဲစွေလို့ဖြိုး..ရဲ့နောက်မှာဆက်ရန်မရှိတော့ဘူးလား…
ကဗျာလေးက..တိုလိုက်တာ..
တကယ်ဆို..ဟယ်ရီက..စကားလုံးတွေချမ်းသာပါတယ်