Professional Authors

အိပ်မက်မျှသာ

သံသရာမှာ တကြိမ်တခါ
ဆုံဆည်းရာက စွဲငြိခဲ့ပြီ
ကိုယ့်နှလုံးသား တနေရာတွင်
မင်းအငွေ့အသက် တစ်ရိပ်ရိပ်နဲ့
ကိန်းအောင်းနေဆဲ…..။
ကိုယ်ထင်မှတ်ထား မင်းအကြည့်များ
နေခြည်ပမာ နွေးထွေးစေမှာ
ရင်ထဲအစဉ် ခံစားမိရင်
ကောင်းမည်ထင်၏။
နီးခြင်းဝေးခြင်း ဘေးဖယ်ထားပြီး
သံယောဇဉ်နှင့် စိတ်ချင်းဆက်သွယ်
နွယ်ကာရစ်ပတ် နှလုံးသားချင်း
နီးစပ်နေရင် ကောင်းမည်ထင်၏။

In: ကဗျာ Posted By: Date: Jun 14, 2012
Comment #1

really excellent

commentinfo By: ei lay at Jun 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment