။ ။ ( မ ) ဟုတ်တာ ကိုပဲ ဟုတ်နေရတာ ကိုက ဟုတ် သလိုလိုနဲ့  ( မ ) ဟုတ်ဘူးလား မသိ ။ ။ ( sharon )
ဟစ်အော်သံကို လက်ဆွဲခေါ်ကြည့်မိတယ် မရနိုင်တော့တဲ့ နွံ အလွန် အကျွံ
လက်တွေ့ နဲ့ အိပ်မက် တွေ ကြား မိုင်တွေ ဘယ်လောက် ခြားစေ (ခဲ့ ) သလဲ
ယုံကြည် ဆွဲ ညှို့ တိုက်စား အတ္တ ဆက်ထုံး နည်းနည်း ဖြည်ကြမလား
အချိန်တွေ အချိန် တွေ ဝေး…ဝေး…. ဝေး… နိုင်လွန်း
ပိုးထိုးတာမစားနဲ့ 
ပိုးထိုးစာတွေ မစားမိစေနဲ့ 
မဟုတ်ဘူး ပြန်ပြင်ပြောမယ်
ပိုးထိုးတာကို စားပါ…. ပိုးထိုးစာတွေ ကို ရွေး စားပါ ..အဲဒါပိုးသတ်ဆေးကင်းစင်တယ်
ပိုးသတ်ဆေးတွေ ကပိုးတွေ ကို သေစေတယ်
မှားသေးတယ် ပြန်ပြင်ပြော ပိုးသတ်ဆေးတွေ က လူတွေ ကို သေစေတယ်
လည်ကတုံးတွေ တိုက်ပုံအင်္ကျီတွေ 5 R အကြောင်းအာကျယ်အာကျယ်ပြောတော့
ကျွတ်ကျွတ် လေးတွေ ခိုးခိုးခစ်ခစ် ထရီ ( ရယ် ) ကြတယ်
မြင်တဲ့ အရာနဲ့ ခြယ် သ … ဒါကမှ သဘာဝကျ တာ
လူဟာလူဖြစ်လာရလို့ လူ့ တန်ဖိုးနောက် လိုက်နေရ … မော တယ်
ကမ္ဘာ့အငတ်ဘေးကိုကာကွယ်နိုင်တဲ့ အစားအစာငါးမျိုး… တဲ့ 
ချောင်းကြည့်မိတော့ ဘုရားရေ အမေ့ ယာတော ကိုလွမ်းလိုက်တာ …
ဗိုက်ပူပူ ကလေးတွေ အစာ မ၀ တာတဲ့  ..ဟာ …ဟုတ်လို့ လား ..ဟာ ဟုတ်တယ်
နေလုံး ပူပူအောက် ဗိုက်ပူပူတွေ ထဲ ကအပူ လုံးတွေ ထွက် ကျ
မျိုးဆက်ပြန့်ပွားရေး လိင်ပညာပေး သားဆက်ခြားခြင်း
အိုဟုတ်တာပေါ့
အတ္တတွေအတွက်မျိုးဆက် မပွားသင့်ဘူး
သူတို့ အမြင်တွေ သူတို့ အကြည့်တွေ သူတို့ အတွေးတွေ သူတို့ မျှော်လင့်ခြင်းတွေ
မျက်ရည်စီးကြောင်းတွေ နောက် ကောက်ကောက်ပါအောင်လိုက် ကုန်ပြီ
ငါတို့  ငါတို့  လိုက်သင့်လား
ဟင့်အင်း မလိုက်သင့်ဘူး အင်း လိုက်သင့်တယ်
ငြင်းမနေ နဲ့  မျက်ရည်အရင်သုတ် ပေးကြဦး
ဆာလောင်ခြင်း ဒီရွေ့ လျားမှု ကြီး ပျော်ပျော်ကြီးစမ်းသပ်ခံ နေတယ်
ရှုပ်ထွေးကုန်ပြီလား ကဗျာ .. ရှင်းရှင်းလေးပါရှင်
နှုတ်ခမ်းရဲရဲ ပါးနီ ခြယ်တဲ့ အရွယ်လွန် ပြီ ရှင်းရှင်းပြောတာ အိုပြီ
လာလမ်းတလျှောက် ဖြတ်လမ်း အို… မောရော့မယ် …
ပူလောင်လှိုက်လွန်း လောက ကြီး အ၀ါရောင်သမ်း နေရောပဲ
မျက်ရည်လည်ရွှဲ အဲဒီ ကွင်းပြင်တွေ သစ်လွင်လာနိုင်ပါစ
နားရှိလျက်နဲ့ မကြားတဲ့ အသံတွေ
မျက်စိပါသော်လည်း မမြင်တဲ့  မျက်ရည်တွေ
စကားလုံးပေါင်း ၂၀၀ အရောက် ရုပ်သိမ်း (ခံ) လိုက်တယ်
ကဲ …… ကဗျာ ဆုံး ပြီ
ခုပဲ စလိုက်ကြတော့ မလား ???
sharon
p.s ကဗျာခေါင်းစဉ်အား Mg Tay Lay မှ ပြုပြင်ပေးထားသည်
Comment #3
hh ..ndep mat sai

Comment #4
hak hak ..re i ..rai tim hti ya ai majaw thanks ! 😀

Comment #5
ခင်ဗျား ကဗျာဆရာမ ဖြစ်လာပီ 🙂

Comment #6
ကျွန်တော်က ကဗျာ ချစ် သူ သာ 🙂

Comment #1
ဟာ…..လက်လန်တယ်…အမရှာရွန်ရေ…….
ဖတ်ပြီးတော့ နှုံးလျသွားတဲ့ကဗျာ…..
စကားလုံးတွေရဲ့အထိအတို့ မှာအတွေးတွေအူထသွားတဲ့ကဗျာ…
လေးစားပါတယ်….ကဗျာဆရာ