သူပြောခဲ့တဲ့အချစ်ဆိုတာ အမှောင်ရဲ့လက်တော်မှာ သေဆုံးသွားခဲ့ပြီ ။ ။
သံသယ တစ်နင့်တပိုးကို
ရင်ဘတ်ထဲ ရိုက်ထည့်ပေးခဲ့တယ်
ဦးနှောက်မှာတော့
မောဟမီးတွေ သံမှိုစွဲသွားခဲ့ပြီ ။
ကိုယ်ကျင့်တရားကို
ရွှေလိုတန်ဖိုးထားခဲ့တာပါ
ခုတော့ရွံ့လောက်တောင်
တန်ဖိုးမရှိတော့ဘူးတဲ့လား
(သူ့မျက်လုံးထဲမှာ အရာရာဟာ ပေါပေါပဲပဲများဖြစ်နေသလား) ။
စိတ်ရှိလက်ရှိသာဆို
စိတ်လိုလက်ရ ဘာတစ်ခုမှ မပြောတော့ဘဲ
စိတ်ကို တစ်စုံတစ်ခုပေါ်ပစ်တင်ပြီး
အရုပ်ကို ကြိုးဖြတ်ထားသလို
အရာရာကို ဖုံးဖုံးလဲလိုက်ချင်ပြီ ။
တကယ်တော့
နောက်ကျောကထိုးမှ “ဓား” မဟုတ်ပါဘူး
ရှေ့တည့်တည့် ငါ့ရင်ဘတ်ပေါ်စိုက်ချလိုက်တဲ့
နင်ရဲ့ရိုးသားမှု မာယာဓားဖျားမှာ
အရာရာဟာ ထုတ်ချင်းပေါက်ခဲ့ပြီးသားပါ ။
“အား” ခနဲ
အော်လိုက်ဖို့ရာ
ငါ့နှုတ်က စိတ်ကိုခွင့်မပြုခဲ့ဘူး . .
မျှော်လင့်ချက်ဝိဥာဉ်တော်ဟာ
သူ့လက်မှာကြေမွခဲ့ပြီး
အဲဒီ ကောင်းကင်ဟာ
ဘာနဲ့မှ မရွေ့လျားနိုင်တော့ဘဲ
နာကျင်ဆွံ့အ မင်သက်ခဲ့ရပြီ ။
စိတ်ရဲ့မှီတည်ရာဟာ
မဲမဲမှောင်လို့
တွယ်မိတွယ်ရာမှာ ငြိမ်လို့
အရာရာကို တိတ်တဆိတ်စွန့်ပစ်ပြီး
သေဆုံးသွားခြဲ့ပီ ။ ။
(မျက်ရည်ထွက်အောင်ရယ်တယ်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို
နားလည်သဘောပေါက်သွားအောင် သူကကျွန်မကို သင်ပေးခဲ့တယ်)
06/Jun/2012
နတ်သမီး
Comment #1
nice meaningful poem.
be lo doke kha tway ne tway par say,,yoe tar phyu sin hmu kyaunt nout sone ok dar pe,