အလင်း ဆက်ကြောင်း
အပြုံးတွေမလတ်ဆတ်မှတော့
ငိုမနေချင်တော့ဘူး …
ရင်တစ်ခုလုံး မွစာကြဲမှသိလိုက်ရတာ
ဘ၀က ဒါပါပဲတဲ့ ။
တကိုယ်စာထွက်ပေါက်
ကျဉ်းသည်ကျယ်သည်
အရေးကြီးမနေတော့ပါဘူး
ဒီညရဲ့ … ငါ့လက်မှတ်
နောက်ဆုံးတန်းမှာပဲ ။
ချဉ်စုတ်စုတ်အလင်းတန်းနဲ့
ညဥ့်ငှက်တို့ဂီတ
တကိုယ်ရည်ခါးရသည့်
ညစွဲများအကြောင်း
ငါ… ပြောရင် ယုံ….. ။
အိမ်အ၀င်ဝဖိနပ်ချွတ်မှာထားခဲ့တဲ့
မာန …ဘယ်တနေရာမှသုံးမရလဲ
ဘယ်တော့မှ မလိမ္မာချင်တော့တဲ့ကောင် ။
အိပ်မက်တခုစွဲလန်းခြင်းမှာ
အမှောင်တို့ကသိပ်သည်း
ကျောပိုးအိတ်ထဲက
ကိုယ်တိုင်နားမလည်နိုင်သေးတဲ့
ကျမ်းစာကြီးတအုပ်ကိုဖွင့်
နွေလေရူးကိုမေးခွန်းထုတ်မိတယ် …
………….
ဘယ်သူသေချာသိလို့လဲ
လူမိုက်တွေ မလင်း နိုင်ပါဘူးလို့ … … ။
ညကကြိုးကိုမှ
အမဲလိုက်ရက်သူတွေ
သိစေချင်တယ်
အတ္တပြေးလမ်းရဲ့ပန်းတိုင်
ဘယ်လိုရနံ့ ရှိနေတယ် ဆိုတာ ။
Comment #3
ဘယ်သူသေချာသိလို့လဲ
လူမိုက်တွေ မလင်း နိုင်ပါဘူးလို့ … … ။
……………………………………
အားပေးသွားပါသည်။
By: နွေ at Jun 5, 2013
Comment #4
🙂
By: ei lay at Jun 6, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျွန်တော်နှစ်သက်စွာအားပေးသွားပါတယ်