လက်ဆော့ခံလိုက်ရတဲ့ ဦးနှောက် ပြာစီးကျလာခြင်း – နရီထက်
မြို့ပြတစ်အုပ်မှာ ဇာတ်ထုပ်တွေ မရှိဘူး
မှိုင်းထုပ်တွေ မရှိဘူး
ကမ်းပါးကို ရိုက်ခတ်လာမဲ့ လှိုင်းတွေ
ပြေးလှည့်ဖြစ်နေကြပါ
တည်ငြိမ်လာတဲ့ စမ်းကျသံတွေ
ခမ်းခမ်းသွားတဲ့ အချိန်မှာ
ပင်လယ်က လှိုင်းတွေ
ကောင်းကင်ယံကို ပျံတက်ချင်နေတာ…
စပိုင်တစ်အုပ်နှင့် ငွေထုပ်ကြားမှာ
အရှုပ် အရှုပ် တွေက
ဇာတ်ကနေကြပါ…။ ။
နရီထက်
( ၁၈ ၊ ဇွန်လ ၊ ၂၀၁၂ )
Comment #2
စပိုင်တစ်အုပ်နှင့် ငွေထုပ်ကြားမှာ
အရှုပ် အရှုပ် တွေက
ဇာတ်ကနေကြပါ…။ ဒီစာသားလုံးဝလန်းတယ်……ကျွန်တော်တို့ ဌာနက လူတွေပါကြိုက်ကြတယ်..စာသားအရေးအသားကို တကယ်မိုက်တယ်။အားပေးသွားတယ်ဗျ့……………..
By: thuya at Oct 13, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုနရီထက် ..ကျွန်တော်ဖတ်ရှုခံစား သွားပါတယ်
……………..
ပျောက်နေတယ်