ငါ့စိတ်တွေ ထိန်းမရတော့ဘူး
အဆုံးစွန်အထိ ငါလွတ်မြောက်ချင်ခဲ့ပြီ
ငါ့စိတ်ငါလဲထိန်းမရ
ပစ်ချလိုက်တဲ့ အမှိုက်တစ်စလို
အဟောင်းဆိုင်တွေထဲလဲ
ပလုပ်ပလောင်းမြင်နေရတာက ငါ့လိုအစုတ်အပဲ့တွေ
recycle လုပ်ဖို့ ငါစိတ်မပါသေးဘူး
ဟော….
ခဏခဏချေးငှားမိနေတဲ့အမှားတွေ
recycle သူ့အလိုလိုလုပ်ပြီးသားဗျ
ငါ့စိတ်တွေ ထိန်းမရသေးဘူး
ဟိုဒီပြန့်ကျဲနေတဲ့ အမှိုက်စတွေလို
အရှုံးဆိုတာကလဲ သေသေသပ်သပ်ပါပဲ
အသည်းကွဲသူဆီ
အသည်းအားဆေး လာ promotion လုပ်နေကြလေရဲ့
ငါစိုက်ကြည့်နေမိတာက ဘယ်တစ်ဖက်ညာတစ်ဖက် င့ါဖိနပ်တွေ
သေချာတယ်
ငါ့စိတ်တွေထိန်းမရတော့ဘူး
ထိန်း … မ … ရ … တော့ ….ဘူး
။ ။
မိုးသစ် (ခ) မိုးလူ
Comment #2
i like title,

Comment #3
ဟော….
ခဏခဏချေးငှားမိနေတဲ့အမှားတွေ
recycle သူ့အလိုလိုလုပ်ပြီးသားဗျ
ငါ့စိတ်တွေ ထိန်းမရသေးဘူး
ဟိုဒီပြန့်ကျဲနေတဲ့ အမှိုက်စတွေလို
အရှုံးဆိုတာကလဲ သေသေသပ်သပ်ပါပဲ
အသည်းကွဲသူဆီ
အသည်းအားဆေး လာ promotion လုပ်နေကြလေရဲ့

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အသည်းကွဲနေတာလား ကိုမိုးသစ်