ကျနော် သူ့ကိုအရမ်းချစ်လို့ပါ… (မင်းကိုချစ်တဲ့သူ)
တိတ်တဆိတ် အခန်းလေးထဲ
လူမသိသူမသိ အလွမ်းတွေနဲ့
တဒိတ်ဒိတ်မြည်နေတဲ့ ရင်ခုန်သံ
တလက်လက်တောက်နေတဲ့
ဖယောင်းတိုင်လေးတွေနဲ့
ငါ့မွေးနေ့ကို တယောက်ထဲကျင်းပမယ်
ကျေးဇူးပြုပြီး ဘယ်သူမှမလာပါနဲ့…
ပြင်ဆင်ခွင့်မရတဲ့ ဘ၀မှာ
ငါ့ကိုယ်ငါ ပျော်အောင်ထားခဲ့တယ်
ဒါပေမယ့်
ပြုတ်ကျသွားတဲ့ စိတ်ဓာတ်တွေနဲ့
ကြွေကျသွားတဲ့ မျှော်လင့်ချက်တွေကောက်ဖို့
ခဏလောက်ဖြစ်ဖြစ် နှုတ်ထွက်ခွင့်ပေးပါ…
ငါဟာ အနက်ရောင်များများနဲ့ကောင်ပါ
တနေ့လုံး စောင့်နေခဲ့တာတောင်
ငါ့အတွက် နေမသာပေးနိုင်ဘူး
ငါ့ကိုယ်ငါ ဖယောင်းတိုင်အဖြစ်ဖန်ဆင်း
ငါ့ကိုယ်ငါ မီးညှိရင်း အထီးကျန်ခြင်းတွေကို
ခဏမေ့လို့ ငါ့ကိုယ်ငါပဲ ဆုတောင်းပေးခဲ့တယ်…
နှလုံးသားရယ်…
ခဏလောက် တော့ အနားယူလိုက်ပါ
ပိုင်ရှင်ပြန်မရောက်လာသေးလို့
ဖျောင်းဖျခဲ့ရတဲ့ နေ့ရက်တွေနဲ့
ချော့သိပ်ခဲ့ရတဲ့ ညတွေလည်း မနည်းတော့ဘူး
အခုတော့ သွေးအေးအေးလေးပဲ
ဘယ်သူမှမသိအောင် ၀ှက်ထားခဲ့တယ်…
အချစ်ဆိုတာ…
ရယူခြင်းလား စွန့်လွှတ်ခြင်းလား???
တစ်ခုမှ မဟုတ်ပါဘူး
တကယ်တော့…
အတ္တတွေ ယဉ်ပြိုင်ခြင်းပါ
ကျနော့်အတွက်တော့
မပြိုင်ခင်ကတည်းက အရှုံးပေးထားခြင်းပါ
အဲ့ဒါဘာဖြစ်လို့ပါလိမ့်….
(ခေါင်းစဉ်ကိုကြည့်ပါ)
Comment #3
မဆိုးဘူးဗျ ကဗျာက
ကဗျာတွေမဖတ်ဖြစ်တာကြာပြီဗျ ပြန်ဖတ်ဖြစ်တော့လည်း ဖတ်လိုက်တဲ့ကဗျာတိုင်းက သူ့အနှစ်သာရနဲ့သူဖတ်လို့ကောင်းတယ်
ဖတ်သွားကြောင်းပါဗျာ ~~~
With respect,
RAY
Comment #4
မိုက်တယ်နော်
မွေးနေ့ကိုတစ်ယောက်တည်းကျင်းပမယ်ဆိုတော့
ပျင်းစရာကြီး
Comment #5
A tine htet a lun wan tar par ei.
A tine htet a Lin pyaw par ei.
A tine htet a lun Kyay zu tin par ei.
🙂
Comment #6
ကျွန်တော်အားပေးသွားပါတယ်
Comment #8
good…တယ်ဗျာ…
တကယ်..ကြိုက်သွားပြီ…..
ခံစားအားပေးသွားပါတယ်
Comment #10
love so so sooooo much
Comment #11
Feel again & again
Comment #12
%__%
%__%
%__%
Comment #13
thank u for writing this poem becz of very special ..
Comment #1
mike de kwar,,
😛 😛
a shone pay de loh pyaw p 1 ke yaw hote ye lar shin?
koh chit thu ko lesson tway tate ma pay ne pop,, lol
1 choe ka a shone pay htar de so pi pyin nyar shi hnate set ne tway tone tat kya loh par.
ei lay ka a mye khan nay ya dot u gf ko kou chin sar de. 😛
“a chit so tar at ta tway pyine chin so pe”
wow,,,new pe.. mike de,