၂ နှစ် ၃ လပြည့်ဖို့ ၃ ရက်အလို
အိန်ဂျယ်… အမှတ်ရသေးတယ်
တစ်ရာသီကုန်သွားပြီ မိုးဥတုတောင်ရောက်လာတယ်
ကြာလေ မေ့ဖို့ မလွယ်ကူလေပဲ။
နင့်ဓါတ်ပုံလေးကို ငေး
ကြာလေ ငါရူးတော့မယ်
ဒီမှာ မျှော်နေ ကုလားအုတ်ဖြစ်တော့မယ်။
ဖြူဖြူလေးတွေ ခြယ်ထားတဲ့
ဒို့နှစ်ယောက်ကြားက စည်း
အရောင်မပြယ်ဖို့ အရေးကြီး။
ရက်တွေသာ ကုန်
အတူဆုံချိန်တွေသာ တွေးတောလွမ်းမောရင်း
နှစ်တွေသာ ကုန်လွန်သွားတယ်။
ပြော…. အိန်ဂျယ်
ဘ၀ဆိုတာ ချို၊ ခါး၊ ချဉ်
ရသစုံလင် ကြုံတွေ့ရရင်
ရဲရဲ ရင်ဆိုင် ဖြတ်သန်းစို့လား။
တစ်နှစ်ဆိုတာ ရက်ပေါင်း ၃၆၀ လား
ဘယ်နှစ်နာရီ မိနစ် ဘယ်လောက်များ ကြာသလဲ။
တို့ဝေးခဲ့တာ …….. ၂နှစ် ၃လပြည့်ဖို့ ၃ရက်သာလိုတော့တယ်…..။
20/06/2012 Tuesday 3:00pm
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
စိတ်မကောင်းခြင်းများစွာနဲ့မမိုး အားပေးနေလျှက်ပါ မောင်လေး