Chess
ဘက်လိုက်မှုမရှိ
ကြတ်ခြေခတ်မရှိ
ပရိတ်သတ်မရှိ
ယုံကြည်မှုနဲ့တည်ဆောက်ခဲ့တဲ့ ကစားပွဲ
အခုတော့
ကစားသမားရော ဘယ်ရောက်သွားခဲ့ပြီလဲ…။
ဖြူစင်ခြင်းအလင်းတန်းကိုမှ
ပိုင်စိုးချင်သူရေ
ငါကတော့ မင်းလာရင်
သွေးရူးသွေးတန်း ဆုတ်ခွာရတဲ့
လင်းတ၀က် မှောင်တ၀က်နဲ့
ကြယ်တပွင့်ပေါ့…
မင်းလိုချင်တဲ့ဆု ပြည့်ဖို့
ငါ ဖြည်ဖြည်းချင်းကြွေကျပေးပါ့မယ်….။
နယ်ရုပ်တရုပ်ပြီးတရုပ် အစားခံ
ငါကလည်း…
ရလာဒ်မသေချာမှန်းသိရက်နဲ့
ရင်ဘတ်တခုလုံးရင်းပြီး ကံကြမ္မာရိုင်းကို
တိုက်ခိုက်ဖို့ ကြိုးစားခဲ့သူလေ…။
ဆီးနှင်းသံ တဖျောက်ဖျောက်ကလွဲလို့
ဘူတာတခုလုံး တိုးတိတ်
ငါဟာ…
ကံကော်ကြွေကျသံကိုတောင် လန့်ခုန်မိသူပေါ့…။
ဟော… ရထားဥသြသံကြားရတယ်
“နှုတ်ဆက်ဖို့ အချိန်ရောက်ပါပြီ..” တဲ့
မုတ်သုန်ရာသီရဲ့
ကြေကွဲခြင်း နတ်သမီးက
ငါ့ကို နှိုးတယ်….။
ကဲ…ထ
မျှော်လင့်ထားပြီးသား အိပ်မက်လေးအတွက်
ကြေကွဲဝမ်းနည်းမနေနဲ့တော့
ဒီတံတားကို ကျော်လွန်မှ
မိုးရွာလိုက…ရွာစေ
လှိုင်းထန်လိုက…ထန်စေ…။
“Chess”
…..………………………………
……………………
……….
အိပ်မက်တို့ ပြန်လည်ပေးအပ်ပွဲအား
တက်ရောက်ရန် ဖိတ်စာရောက်လာခဲ့ပြီ….။