Professional Authors

ဝါကျဝက်

 

      မနေ့က အမှားတွေအကြောင်းစဉ်းစားတဲ့အခါ……….

မနက်ဖြန် စကားတွေ အများကြီး မပြောတော့ပါဘူးဆိုတဲ့

ကတိ ကိုယ့်ကိုယ်ကို ပြန်ပေးမိပြန်တယ်…။

 

      ဟုတ်တယ်…..

စကားတွေ အများကြီး မပြောပါနဲ့  ညီမလေးရေ…

စကားတွေနဲ့ ပုံဖော်လို့ မရတာတွေ လောကမှာ အများကြီးပဲလေ…။

 

      တယောက်က ငါ့ကို နားလည်ပေးတယ်

တယောက်ကတော့ ငါ့ကို နားလည်မပေးဘူး

တယောက်က စိတ်ချင်းနီးစပ်တယ်

တယောက်ကတော့ ငါ့စကားနွားရပြောတယ်

တယောက်ကတော့ ဟန်ဆောင်တယ်

တယောက်ကတော့ ပွင့်လင်းနေပြန်ရော

တယောက်က ငါ့စကားတွေကို အလေးအနက်ထားပေမဲ့

နောက်တယောက်ကတော့ စစ်ထုတ်ပစ်ပြန်တယ်

တယောက်က ငါ့ကို ညှာတာတယ်

တယောက်ကတော့ ငါ့ဖြစ်တည်မှုကို မသိသလိုနေပြန်ရော

အဲ့လိုနဲ့ပဲ လောကအကြောင်း လူတွေ အကြောင်းတွေးတာ

25  နှစ်တိုင်ခဲ့ပြီ…။

 

      အခုချိန်ရောက်တဲ့အခါ ဘယ်တယောက်ဟာ

ငါနဲ့အဆင်ပြေမယ်မှန်းမသိတော့ဘူး

သူတို့ပေးဆပ်တဲ့အခါ ပျော်ပြီး

သူတို့ဆိုးသွမ်းတဲ့အခါ လှည့်မကြည့်စတမ်းဆိုတဲ့

လူတယောက်ဟာ ငါပေါ့….။

 

      ဒီနေ့ပေးဆပ်လိုက်တဲ့ အပြစ်လျော်ကြေးဟာ

မနေ့က အမှားရဲ့ နှစ်ဆများဖြစ်နေမလား

အာရုံငါးပါးကို လောင်တဲ့ ကောက်ရိုးမီးဟာ

စိတ်ဓာတ်ကို ကူးတဲ့အခါ ဖွဲမီးဖြစ်သွားပြန်ရော…။

 

     ချစ်တယ်လို့ပြောတဲ့လူ…

မုန်းတယ်လို့ပြောတဲ့လူ…

မေတ္တာတရားအကြောင်းပြောတဲ့လူ…

တန်ပြန်သက်ရောက်မှုအကြောင်းပြောတဲ့လူ…

ငါကရော ဘယ်အကြောင်းကို ပြောမဲ့လူလဲ…။

 

      ကဲ…ဒါဖြင့်ရင်လည်း….

ဒီတယောက်ရဲ့ အလေးအနက်မထားတာရော

နောက်တယောက်ရဲ့ ကိုယ့်မြင်းကိုယ်စိုင်းနေတာရော

လျစ်လျှူရှု……..

ငါက တခါတလေ ပေးဆပ်ရတာကို ပျော်တတ်တဲ့လူမျိုးပေါ့…။

 

 

 

In: ကဗျာ Posted By: Date: Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment