ဧဒင်ဥယျာဉ်သို့ ဦးခိုက်ခြင်း
လူတိုင်း ခိုအောင်းနေကျ ဂူပါပဲ
နည်းနည်းမှောင်နေတာကလွဲလို့
ငြိမ်းချမ်းခြင်းကတော့ အပြည့်ပေါ့…
ခပ်သဲ့သဲ့တိုက်နေတဲ့လေရယ်
ချွေးမစိုတစို လက်ဖ၀ါးနှစ်ခုရယ်
ခဲရင့်ရောင် နှုတ်ခမ်းတစုံရယ်
နောက်ပြီး…တိုးတိုးလေး ကြားနေရတဲ့ တယောသံရယ်
မခူးဆွတ်ဖြစ်သေးတဲ့ အာဒံရဲ့ ပန်းသီးဟာ
ဘာအရသာလဲ…..
ချစ်ခြင်းရဲ့ ရနံ့ကိုတော့ ရတယ်
တိုးတိုးလေးပြောမှ သူတယောက်တည်း ကြားရတာလား
ဒါမှမဟုတ်…
တလောကလုံးကြားအောင် အော်ပြီး
ရည်ညွှန်းသူဆီပဲ အရောက်ပို့ပေးလိုက်ရမလား
သူရွတ်ပြဖူးတဲ့ ကဗျာတပုဒ်ထဲက
စိမ်းလန်းနေမဲ့ တိမ်တိုက်တွေဆီ
ကြယ်ယာဉ်ပျံကိုစီးပြီး သွားချင်တယ်
ဧ၀ရဲ့ လက်ကျန် ပန်းသီးကို တကိုက်ကိုက်ချင်တယ်
နူးညံ့တဲ့ အမိန့်တော်ကို နားစွင့်ချင်တယ်
သူဖန်တီးပေးမဲ့ နိဗ္ဗာန်ဘုံလေးဟာ
ဧဒင်ဥယျာဉ်လောက် သမိုင်းမတွင်ပေမဲ့
ချစ်ခြင်းနဲ့ သာယာနေမှာတော့ အမှန်ပဲ……။