Departure
ညိုမှောင်နေတဲ့ကောင်းကင်တစ်ခုရယ်…သူနဲ့ခပ်ဆင်ဆင်တူတဲ့…ကမ္ဘာမြေကြီးရယ်…
အရောင်မရှိပါဘူး..လို့သတ်မှတ်ထားတဲ့…မိုးရေစက်ပေါင်းများစွာအပြေးအလွှားအလုပ်များနေကြတယ်…
အဓိပ္ပါယ်သတ်မှတ်ချက်မရှိတဲ့..လှုပ်ရှားမှုမျိုးတော့..မဟုတ်တန်ကောင်းပါဘူး…။
ငါလည်း..သူတို့ကြားမှာ…ဘာရယ်ကြောင့်မှန်းမသိတဲ့…ငြိမ်သက်မှုတစ်ခုကို..အလေးအနက်ပြုနေမိတယ်….
မင်းကိုသိပ်လွမ်းနေရလို့ပါ…ချစ်သူရယ်…။
Robin Hood ပစ်ခဲ့တဲ့မြှားတွေထဲက..တစင်းသာ…မင်းရှေ့ကဖြတ်သွားခဲ့မယ်ဆိုရင်…
ငါအသည်းနှလုံးကို….လမ်းကြုံထည့်ပေးလိုကျခငျြပါသေးတယ်….
မင်းရဲ့ရင်ငွေ့နဲ့ဝေးနေရတဲ့…ငါ့နှလုံးသားရဲ့ညှိုးငယ်မှုကို….မြင်စေချင်လို့ပါ….။
ဆောင်းနှင်းတွေဝေတိုင်း..ငါရင်မောရပါတယ်….ကောင်မလေးရယ်
မြူမှုန်တွေကြားက..ရုတ်ချည်းပေါ်ထွက်လာလေမလားလို့ပေါ့….။
လွန်ခဲ့တဲ့…မင်းရဲ့စကားသံတွေကို..ပြန်ကြားယောင်တိုင်း…
နာကျင်ခံစားခဲ့ရတဲ့..နေ့ရက်တွေကို…ငါအဆုံးသတ်လိုက်ချင်ပြီကွာ…
ငါနဲ့ဝေးရာကိုရွေးချယ်သွားတဲ့…မင်းရဲ့ခြေလှမ်းတိုင်းမှာ…
ငါ့ရဲ့ရင်ခုန်သံတွေ…ကွဲအက်ကြေမွသွားခဲ့ရတာ…
ငါ့ရဲ့မျက်ရည်တွေကို…ခြွေချသွားတဲ့…..
နင့်ရဲ့လက်ဖဝါးနုနုထဲမှာ…ငါ့ရဲ့မနက်ဖြန်တွေကျိန်စာသင့်ခဲ့ရတာ…
ငါ့အလွမ်းနဲ့ကျိန်စာသင့်သွားတဲ့…နှလုံးသားတစ်ခုရဲ့ခံယူချက်ကို
နင့်အတွက်သာ…ငါမြုပ်နှံပါ့မယ်…
နင်ကလွဲ၍….အရာအားလုံးကောင်းချီးပေးပါစေ…..။ ။ ။
Comment #1
Robin Hood ပစ်ခဲ့တဲ့မြှားတွေထဲက..တစင်းသာ…မင်းရှေ့ကဖြတ်သွားခဲ့မယ်ဆိုရင်…
ငါအသည်းနှလုံးကို….လမ်းကြုံထည့်ပေးလိုက်ချင်ပါသေးတယ်….
မင်းရဲ့ရင်ငွေ့နဲ့ဝေးနေရတဲ့…ငါ့နှလုံးသားရဲ့ညှိုးငယ်မှုကို….မြင်စေချင်လို့ပါ….။
စာသားတွေအားကောင်းလာတယ.်ဗျ..
အားပေးသွားပါ၏