လမ်းခွဲ (မင်းကိုချစ်တဲ့သူ)
အနေကြာတော့လည်း
ဖြေသာစရာတွေတွေ့ပြီပေါ့…
ဆယ်စုတစ်စု ပြည့်ဖို့
ရက်တွေတရွေ့ရွေ့နဲ့ ရောက်လာခဲ့တယ်
ဒါပေမယ့် သူက ပါမလာတော့ဘူး…
အချစ်စစ်ဟူသည်
ဘယ်တော့မှ မဖြောင်းဖြူးတဲ့
ဆူးတွေမခိုက်အောင် အတူတူလျှောက်ခဲ့ဖူးတယ်
လူတကာငေးမောရအောင် နေခဲ့ဖူးတယ်
အခုတော့လဲ…
ငါ့တို့တွေမဟုတ်တော့သလိုပဲ
အရာရာဟာလဲ ပြိုလဲသွားခဲ့တယ်…
သူ့အတွက် ငါဟာ…
အချစ်ဦး မဟုတ်ခဲ့ရပါ
ဒါပေမယ့် အချစ်ဦးထက်ပိုချစ်ခဲ့တယ်…
ငါ့အတွက် သူဟာလည်း…
အချစ်ဦး မဟုတ်ခဲ့သလို
နံပါတ်တပ်ပြီးပြောပြရအောင်
သူ့အရှေ့နဲ့ သူ့ရဲ့အနောက်မှာ
ဘယ်သူမှနေရာမပေးခဲ့ပါဘူး…
ပိုင်ဆိုင်ရသူမှာ စွန့်လွတ်ရသူတဲ့
ချစ်ဖူးတဲ့သူတာ အမုန်းခံရသူတဲ့
အဲ့လိုပဲ… မင်းခိုက်စိုးစံပြောခဲ့တဲ့
ကတိပေးသူတာ ကတိဖြတ်တဲ့သူတဲ့…
အခုတော့လဲ… လမ်းခွဲဖို့ဖြစ်လာတဲ့
ဆုံဆည်းခြင်းကို ပေးခဲ့တဲ့
ကံကြမ္မာကိုပဲ အပြစ်တင်ခဲ့မိတယ်…
Comment #3
အချစ်စစ်ဟူသည်
ဘယ်တော့မှ မဖြောင်းဖြူးတဲ့
ဆူးတွေမခိုက်အောင် အတူတူလျှောက်ခဲ့ဖူးတယ်
လူတကာငေးမောရအောင် နေခဲ့ဖူးတယ်
အခုတော့လဲ…
ငါ့တို့တွေမဟုတ်တော့သလိုပဲ
အရာရာဟာလဲ ပြိုလဲသွားခဲ့တယ်…
Comment #4
အားပေးသွားပါတယ်
Comment #6
အားပေးသွားပါတယ်
Comment #9
ဒီလိုဝေဖန်ပေးတာကို ကျေးဇူးတင်ပါတယ် ကိုဇော်သက်ဦး…
ကြိုးစားနေဆဲ…
Comment #1
ခံစားချက်တွေထင်တယ်ဗျ
စိတ်မကောင်းစွာဘဲ ဖတ်သွားပါတယ် ~~~