“အကွာအဝေး”
“အကွာအဝေး”
မင်းထက်ညိမ်း
*အကွဲကွဲအပြားပြား
စိတ်နဲ့လှော်ခတ်နေရတဲ့ ဘ၀တွေ
ငါ လည်း သူ့ဆီ မရောက်ဘူး။
သူ လည်း ငါ့ဆီ မရောက်ဘူး။
အဆုံးအစ မသိလေတော့
ဇာတ်သိမ်းခန်း ကို ခန့်မှန်းမရ ဖြစ်နေတယ်။
ခရီး က ဒီထက်ဒီ ရှည်လျား………
လောက တနံ တလျား
ကိုယ်စီ ကိုယ်ငှ လမ်းသလား ကြ
“အဆင်ပြေလား” လို့ မေးကြည့်ဖို့ ဆိုတာ
ငါတို့ က
စာမလာ သတင်းမကြား။
(ကိုယ်စီကိုယ်ငှ လိုင်းမကောင်းကြ)
မင်းထက်ညိမ်း
Comment #2
တစ်ခုခုကို ဝေးကွာသွားစေပါတယ်။ ။ အဲဒီအထဲကပဲ ပြောပြဖို့ ခက်ခဲနေပြန်ပါရော။ ။ ဒါပေမယ့်လည်း အဆုံးထိတော့………………….
By: su su at Jun 30, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
super like