ဆိုလိုတာက…ဓါတ်ပြားတစ်ချပ်ကိုကုတ်ခြစ်လို့ ထွက်လာတဲ့မနက်ဖြန်ရဲ့အက်ကြောင်းလေ…(terry)
ဆိုလိုတာက…..မီးဖိုပေါ်ကနံနက်ခင်းတွေဝေကျလာတဲ့အခါမျိုးမှာအာရုံကြောတွေကိုထုံထိုင်းစေတဲ့ရေမွှေးနံလေ
ဆိုလိုတာက…..ပေကျန်နေတဲ့သူ့နားရွက်တွေကိုမသုတ်သေးပဲသွေးအေးနေပြီလို့ ခဏခဏပြောနေတဲ့လေယူလေသိမ်းကိစ္စလေ
ဆိုလိုတာက….မွှေပြီးသားလက်ဖက်ရည်ခွက်ကိုပဲအပြင်းအထန်ရှောတိုက်သွားတဲ့တာရာသံလိုဆာလောင်မှုဆီကညှော်နံတွေလေ
ဆိုလိုတာက.ဘယ်သူ့ကိုမှမပြောဘဲဝင်ထိုင်လိုက်ပြီးအားလုံးကိုနှုတ်ဆက်ပြီးပြန်သွားတဲ့ဖောက်လက်စစီးကရက်လောင်ကျွမ်းမှု့လေ
ဆိုလိုတာက…နားမခံသာတဲ့အသံတွေကိုစုပြုံသော့ခတ်ထားတဲ့ကြားကလက်ချောင်းတွေရဲ့အောက်ကိုထွက်ကျလာတတ်တဲ့
အမြှုပ်ဆန်ဆန်လောက၀တ်တွေလေ
ဆိုလိုတာက…ခင်ဗျားမှာကိုယ်ပိုင်ဂြိုလ်တုတစ်လုံးရှိတယ်ဆိုကြပါဆို့နားထောင်ချင်တာကဘယ်လိုဂီတအမျိုးအစားဆိုတဲ့အရသာ
လေ
ဆိုလိုတာက…ခေါင်းတခါခါလည်တခါခါလုပ်လေ့ရှိတဲ့မာန်ပါပါဖွာရှိုက်ခြင်းအကြောင်းပြချက်လေ
ဆိုလိုတာက…ခင်ဗျားရဲ့အရိပ်သုံးပါးနားမလည်တဲ့အံအားသင့်ခြင်းတွေကျွန်တော်သိကြောင်းဘယ်တော့မှမပြောဘူးဆိုတာလေ
ဆိုလိုတာက….မျက်မုန်းကျိုးနေတဲ့သတိရခြင်းကခြစ်ခြစ်ထုတ်နေဆဲကန့်လန့်ကာကိုတစ်ရှုးတစ်ဗူးလုံးကုန်အောင်သုံးစွဲခြင်းလေ
ဆိုလိုတာက…ဘာမှမဟုတ်တော့ကြောင်းဖြတ်ဖြတ်ဝင်တဲ့ကြော်ငြာလေ
ဆိုလိုတာက…ဒီကဗျာတစ်ပုဒ်လုံးဟာရေလိုက်ငါးလိုက်တောင်တိုက်ဆိုင်မှု့မရှိကြောင်းဟောကိန်းထုတ်ထားတဲ့ရယ်ဒီမိတ်
ကုန်ကြမ်းတစ်ရွက်လေ။
terry(10.6.2012)
Comment #2
ကိုတယ်ရီ…..
ဆိုလိုတာကို..ပြောရမယ်ဆိုရင်တော့……..ကဗျာတစ်ပုဒ်လုံး…….အရေးအသားကောင်း၊စာလုံးသုံးထားတာတွေ
အရမ်းမိုက်နေတယ်…ဗျာ
Comment #3
သင်ယူ စရာ အများ ကြီး ပေး တဲ့ ကဗျာ …..
ကဲ …………….. ကိုယ့် လူ
ထုံးစံအတိုင်း ……………..ကိုး…………….. ပါတယ်
ဒီ တစ် ပုဒ်တော့ ပို ထိ …………….
Comment #4
ဘာသာစကားကို တို့ထိဆော့ကစားတာတွေ၊
စကားလုံးတွေကို အလိုက်သင့်စီးမျောသလိုလိုနဲ့
အသေအချာ နေရာချထားခြင်းတွေ၊
ဘာသာစကားကဗျာဆန်ဆန် အရေးအသားစမ်းသပ်မှုတွေကို
ညီလေး ကိုင်တွယ်အသုံးပြုဖို့ သဘောကျနေပြီလား
အကိုကတော့ တော်တော်ကို သဘောကျတယ်လို့ ပြောရမယ်
အားပေးတယ်နော်
တကယ်လည်း ဖောက်ထွက်ဖို့ လိုတယ်
ရုန်းထား!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ချစ်ခင်လျှက် . . .
ကိုသျှား
Comment #5
အသုံးအနှုန်းတွေ ဆန်းသစ်လာတယ်ဗျ
…………
Comment #6
တယ်ရီရေ
ပြောင်းလဲလာမှုကို ကြိုဆိုပါတယ်
ခင်ဗျားအနေနဲ့ text တည်ဆောက်ပုံတွေကို အထူးသတိပြုပါ
ဘာသာစကားကို လှည့်လည်သုံးစွဲနိုင်မှု အားနည်းနေသေးတယ်လို့တော့ ထင်မြင်မိပါတယ်
ခင်ဗျားရဲ့ ကဗျာတွေဘယ်လိုလဲ ဘယ်သွားမလဲ စောင့်မျှော်နေကြောင်း
(ကြိုက်ကြိုက်မကြိုက်ကြိုက်ဝေဖန်ခဲ့သည့် မောင်မြတ်သူ 😀 )
Comment #9
ဆိုလိုတာက…..ပေကျန်နေတဲ့သူ့နားရွက်တွေကိုမသုတ်သေးပဲသွေးအေးနေပြီလို့ ခဏခဏပြောနေတဲ့လေယူလေသိမ်းကိစ္စလေ……….
Comment #1
စကားလုံးသုံးစွဲမှုပုံစံဆန်းကြယ်ပေမယ့် ကဗျာကသူ့အထာနဲ့သူတည်တည်တံ့တံ့ရှိနေပါတယ် ကျွန်တော်ကတော့ ဒီကဗျာအပေါ်ဒီလောက်ဘဲဥာဏ်မှီလို့ ဒီလောက်ဘဲပြောသွားကြောင်းပါ ~~
With respect,
RAY