နေ့စဉ်လူနေမှုဘ၀ ဖြစ်လေ့ဖြစ်ထ
လမ်းမီးတွေလင်းနေတာကို ကြည့်ရင်း မှောင်နေတဲ့စိတ်ဆီ စိတ်မီးတွေကြည့်နေတာကို လင်းရင်း
စိတ်လမ်းမီးတွေ ကြည့်လင်းနေတာ တစ်နေ့ထက်တစ်နေ့
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ကျေးလက်ဒေသရပ်ဝန်းမှာ ဒီဇင်ဘာခရီးကြမ်းကို မရောက်မီ
ခင်ဗျားတို့ ကဗျာရေးတော့ ဘာရသလဲ၊ မင်းတို့ ကဗျာမရေးတော့ရော ဘာရသလဲစကားတွေ
နာမည်ကြီးကျူရှင်မှာ ထားပြီး ပညာရေးလည်း မနှောင့်နှေးရအောင် အလျဉ်းသင့်သလို
ချရေးလိုက်တာ သူ့ဟာနဲ့သူ/ကိုယ့်ဟာနဲ့ကိုယ် တဲ/တိုက်တွေ အပြိုင်ဖျက်/ဆောက်နေကြတာ နေ့လည်က
အခု ခေါင်းထဲ (ဒါမှမဟုတ်) စာမျက်နှာထဲ ၀င်လာဇိမ်ခံပစ္စည်းတွေ၊စက်တပ်ယာဉ်တွေနောက်
စီးပွားရေးဒီရေ တရိပ်ရိပ်(လို့ ကြွားလုံးထုတ်ပြီး) အပြိုင်ကျောင်းထုတ်ပစ်လိုက်ကြတာ ဖလားမရလို့ငါဆိုတာ
လှည့်ဖြားတတ်တဲ့လှလှပပအညစ်အကြေးမှန်း နားလည် ဟိုနေ့က ကိုသျှားဆိုတဲ့မိန်းကလေးတစ်ယောက်ကို
ဝုန်းခနဲ တွေ့လိုက်ရသလို မြစ်ထဲပြုတ်ကျ
မျောပါ
သွားပြီးမှ ထိုင်နေခဲ့ရတဲ့နာရီတော်တော်ကြာ ဖြုန်းတီးခဲ့
အချိန်တွေ နှမြောစရာ
ကောင်းသလားအစစအရာရာ အဆင်ပြေချောမွေ့နေဖို့
ကဗျာအပျိုစင်လေးကို မတို့ရက်မထိရက် မြတ်နိုးမိသမျှ ဘယ်အရာနဲ့မှ ဆေးကြောလို့မရတော့မှ
တရားတော်နဲ့အညီ ခွေးဟောင်သံကြားလိုက်တာ တိုးသဲ့သဲ့ရယ်သံလား တွေးဖြေရင်း ဖြေတွေးရင်း
အဝေးမှာလား မသဲကွဲတဲ့ သဲသဲကွဲကွဲ ပြတ်စဲရပ်တန့်ခဲ့ရခြင်းများမြစ်
တစ်ခုလို အချိန်များ စီးဆင်းဆဲ လူ့ဘ၀ကို တို့ရရှိခဲ့တယ် သီချင်းစာသားတစ်ကြောင်း
စကားလုံးတွေကို အတောင်ပံတပ်ပေးပြီး ငှက်/လေယာဉ်လို ပျံသန်းကြည့်တဲ့အခါ ကားဆေးမှုတ်သလို
အရောင်တင်ရမယ် မြင်နေရတာတွေကို ကြားဖို့ထိတွေ့ဖို့
ကြားနေရတာတွေကို
မြင်ဖို့ခံစားဖို့
လူတစ်ကိုယ်လုံး သက်သာအနေအထားနဲ့ ပက်လက်ကုလားထိုင်ပေါ် ခြေပစ်လက်ပစ် ဇောင်းထဲက
လွတ်ထွက်သွားတဲ့မြင်းလို ခြေညောင်းလက်ဆန့်မှာလည်း သတိနဲ့အသိ လိုလာတယ်ထပ်ဖြည့် ရဦးမယ်ဆိုတာ
မထူးတော့ပါဘူး သမီးရဲ့ကြိမ်ဖိနပ်က ရေစိုနေပြီပဲသီအိုရီတွေနောက်ကို ကဗျာက အမောတကော
တရွတ်တိုက်ဆွဲခံနေရတဲ့နိုင်ငံ မျှော်ကြည့်လိုက်တိုင်း ဆယ်စုနှစ်များစွာ နောက်ကောက်ကျနေတယ်ချည်းပဲ
ကဗျာဖတ်ပရိသတ်ကို မငေါက်ကဗျာအကျိုး တတ်အားသရွေ့ မမာန်မဲသယ်ပိုးနေသူတွေကို ဖြစ်စဉ်အကျဉ်းပြောပြရရင်
ဘာသာစကားအလို စိတ်မလိုက်နိုင်တာတွေ၊ဘာသာစကားနဲ့စိတ် တစ်ထပ်တည်း မကျဘူးဘယ်တော့မှ
ဘယ်တော့မှ အရှုံးမပေးနဲ့ ၀င်စတန်ချာချီပြောသလို
ကိုသျှား
Comment #2
😛
Comment #3
ကိုသျှား အခုတလောမရေးစဖူးအရေးအသားထူးလေးတွေရေးနေတယ်ဗျနော်
အမှန်အတိုင်းပြောရရင်တော့ ဒီကဗျာကစကားလုံးအနည်းအကျင်းရဲ့အနက်ကိုဘဲနားလည်တယ်ဗျ စကားလုံးတိုင်းရဲ့အနက်ကိုတော့နားမလည်ဘူး ဒါကလည်းကျွန်တော်က ကဗျာရေးသားနည်းအသစ်အဆန်းတွေကို လေ့လာမှုမရှိလို့ပါ ကဗျာရေးသူရဲ့အားနည်းချက်မဟုတ်ပါဘူး
ကျွန်တော်တစ်ခါမှမမြင်ဖူးတဲ့ရေးသားမှုပုံစံနဲ့ကဗျာလေး ဖတ်သွားကြောင်းပါဗျာ ~~
With respect,
RAY
Comment #4
သုံးခေါက်လောက်ပြန်ဖတ်သွားရပါတယ် . . 🙂
ကွဲကွဲပြားပြားနဲ့ အရာရာ/အစအဆုံး ကွဲထွက်သွားတယ်လို့ . . ခံစားရပါကြောင်းး
Comment #5
အနက်ဟာဖြန့်ကားပျံတက်သွား…
နေ့တွေ….ညတွေ…..နေ့ညတွေ…..
ဟင်းလင်းပြင်ရဲ့အိပ်မက်ကို လက်ဆုပ်လက်ကိုင် ရရှိလိုက်တယ်…
မိုက်တယ်…..ကိုသျှားရေ…..ကျွန်တော်တို့ ဆက်လက်ပျံဝဲကြမယ်… 🙂
Comment #7
ဘာသာစကားအလို စိတ်မလိုက်နိုင်တာတွေ၊ဘာသာစကားနဲ့စိတ် တစ်ထပ်တည်း မကျဘူးဘယ်တော့မှ
ဘယ်တော့မှ အရှုံးမပေးနဲ့ ၀င်စတန်ချာချီပြောသလို ……………
……………… ဒါ ပေါ့ဗျာ ………….
အားပေးနေ ပါတယ်ဗျာ့ 
ပညာ လည်း ယူလျှက် ပါ ဗျာ့ 
Comment #1
ကြိုက်တယ်