ဟိုးအဝေးက….ဆံနွယ်လေး….
မှော်ဟေ၀န်ထဲက မိုးစက်ပွင့်လေး
အလွမ်းတွေအုံ့ မှောင်ဝေရီ
ရွက်ကြွေတွေကိုယ်စီနဲ့ 
ငါကိုယ်တိုင်က နွေဦးပေါက်တယ်
တစ်ခါတစ်ခါ ညှိုးလျော်ကြွေကျ
ဟိုး…တစ်ချိန်က နွေညတွေလို
လွမ်းရီထုံထိုင်း
တွဲလက်တို့  မှုန်မှိုင်းနေဆဲ
နင်မရှိရင်…
နင်…မ…ရှိ…ရင်
နင်မှမရှိတော့ရင်….
ငါ…
မတွေးရဲခဲ့ဖူးဟာ
တပိုင်းတစတွေများလာတော့လည်း
တစ်စုံတစ်ခုဖြစ်လာတယ်
နေ့ ရက်တွေများလာတော့လည်း
နှစ်လတွေဖြစ်လာတယ်
ဝေးကွာခြင်းတွေများရင်ကော…
ငါတို့ ကြားမှာ…မြူတွေဆိုင်းနေတော့မှာလား
ဟိုးအဝေးရဲ့  အဝေးဆုံးမှာ…
ရင်ဘတ်ထဲက အနီးဆုံးကောင်မလေးရေ
ငါ ရုပ်ပျက်ဆင်းပျက်များ လွမ်းနေမိတာလားကွာ…။
အလင်းစက်
၂၃.၄.၂၀၁၂
၁၀း၄၈ ည
Comment #2
Super like.
🙂
Men tway lwan de so tar women tway lout dot a yan khan sar ya me ma htin par bu naw.
Wonmen tway ka a yan chit tat kya dot po khan sar ya hmar pop
Comment #4
Ei lay bar pyaw loh le.
Men tway ka lone wa ma lwan tat bu loh pyaw mi loh lar.
Women tway ka po khan sar lwe de loh pyaw Dar par naw.
Comment #1
ကဗျာကလောင်ရှင်ရေ သိပ်တော့မလွမ်းနဲ့ဗျ
အလွမ်းဆိုတာလေလည်တာနဲ့တူသဗျ ဖွင့်ထုတ်လိုက်ရင် ပတ်ဝန်းကျင်မှာဒုက္ခရောက်ရသလို အောင့်ထားပြန်ရင်လည်း အောင့်ထားတဲ့လူကဒုက္ခရောက်ရပါတယ် ဒါကျွန်တော်ပြောတာမဟုတ်ပါ ကြားဖူးနားဝရှိတာလေးကိုပြောပြတာပါ
ကဗျာလေး ဖတ်လို့ကောင်းသဗျ
အားပေးသွားကြောင်းပါ ~~