အသက်ရှုကျပ်နေတဲ့ ကမ္ဘာ
အဲဒီရာသီမှာ
အဆင်မပြေမှုတွေဆိုတာ
ညအိပ်ယာဝင်ခါနီးတိုင်း ကြားရတဲ့
ပုံပြင်တစ်ပုဒ်လိုပဲ . . ပြီးဆုံးသွားတယ်ဆိုတာမရှိဘူး ။
ထပ်ပြောမယ် . . .
ညအခါလသာသာဆိုတာ
ပြဌာန်းစာအုပ်ထဲမှာပဲရှိတော့တယ် ။
တစ်ခါတစ်ရံ အောင့်သက်သက်နဲ့ဝင်လာတဲ့
အမှန်တရားစာမျက်နှာတွေ . .
စံပယ်တိုင်းမဖြူတော့ဘူးလို့ ပြောတဲ့
လူတစ်ယောက်ရဲ့စကားကိုကြားရတဲ့နေ့မှာ
လူ့ဘဝဟာ အလိုလိုအရသာမဲ့လာတယ်လို့ ခံစားရတယ် ။
အခြေအနေနဲ့အချိန်အခါအလိုက်
လူတွေအသက်ရှုပုံပြောင်းတက်တယ်ဆိုရင်
ဘုရားသခင် သစ္စာပန်းတွေကို ဖူးပွင့်ခွင့်မပေးပါနဲ့တော့ ။
ကိုယ်ကသူ့ကိုလိုအပ်တာလား ၊ သူကကိုယ့်ကိုလိုအပ်တာလား
ဘယ်သူက ဘယ်သူ့ကို ဘယ်လောက် လိုအပ်မှန်းမသိခင်မှာ
မြားတံတွေက ကုန်သွားခဲ့ပြီ ။
ကမ္ဘာကြီးရေ . . .
ငိုနေတဲ့ကလေးတွေရဲ့မျက်ရည်တွေ
မိခင်ရင်ခွင်နဲ့ဝေးကွာကြီးပြင်းခဲ့ရတဲ့ လူမမယ်မျက်ဝန်းတွေအတွက်
အသင် ဘာတွေကိုဆောင်ကျဉ်းပေးခဲ့ပြီးပါသလဲ . . .
အသင် ဘာတွေကိုထမ်းပြီးခရီးနှင်နေပါသလဲ . . .
အသင် ဘယ်သူတွေအတွက် တည်ရှိနေပါသလဲ . . . ။
အစစ်အမှန်ကဘာလဲလို့ ပြန်မဆန်းစစ်ခင်မှာ
ကျောသပ်ရင်သပ်လုပ်တက်လွန်းတဲ့ လောကဓံရဲ့ဓားချက်တွေက
တို့တွေအပေါ် ကျယ်လောင်လွန်းခဲ့တယ် . .
နင် . . သက်ပြင်းမချပါနဲ့ ကမ္ဘာ
(ခုဆို တေးသွားအလိုက် မကခုန်ဖြစ်တာလဲ သံသရာတစ်ဝက်စွန်းခဲ့ပြီ) ။
ဒီနေရာက ခဏလေးရွှေ့ခဲ့တာပါ
ပြန်လှည့်ကြည့်ချိန်မှာတော့ . . နေမွန်းတစ်တည့်ကျော်ခဲ့ပြီ
သိပ်ကိုဝေးကွာအရောင်တွေလဲ မွဲခဲ့ပြီ ။
ကျမ်းပြုကိုးကားချက်တွေနဲ့မှ ဘဝကိုအဓိပ္ပာယ်ဖွင့်ဆိုလို့ရမယ်ဆိုရင်
မနက်ဖြန်ဆိုတာတွေ . . အနာဂတ်ဆိုတာတွေကို လှမ်းမျှော်မကြည့်တော့ဘူး
ဓနိမိုးထရံကာအတွေးလေးနဲ့ပဲ ကြုံသလိုဖွင့်ဆိုလိုက်တော့မယ် ။
တကယ်တော့ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက် လိုအပ်လို့ လိုအပ်မှန်းမသိခင်မှာ
ရာသီတွေကလည်ခဲ့ပြီ . . အရောင်တွေလဲပြောင်းခဲ့ပြီးပြီ ။ ။
နတ်သမီး
Comment #2
😛
Comment #1
အသက်ရှုကျပ်နေတဲ့ကမ္ဘာကို တင်ပြ/ဖွင့်ဆို/ဖြေရှင်းဖို့ သုံးထားတဲ့စကားလုံးတွေ
အလုပ်လုပ်တာ အသက်ဝင်ပါတယ်
ဒါပေမယ့် . . .
ကဗျာထဲမှာက ကမ္ဘာအသက်ရှုကျပ်တာထက် ကဗျာရေးသူ အသက်ရှုကျပ်နေတာက
ပိုပြီး များနေသလားလို့?????
အဲဒါလေး တစ်ခုတော့ ကျွန်တော့်အမြင်အဖြစ် ထောက်ပြပါရစေ
စကားလုံးအချီအချ၊အနှုတ်အသိမ်းလေးတွေ ကောင်းပါတယ်
စကားလုံးသုံးတဲ့နေရာမှာ တော်တော်လေးကို ရွေးချယ်တတ်လာတယ်လို့
ပြောရမယ်
နောက်တစ်ခု ပြောချင်တာက အတွေး . . .
အရင်ကဗျာတွေနဲ့ မတူဘူး
တွေးတာက နည်းနည်းလေး ယေဘုယျဆန်လာတယ်
အားပေးနေပါဦးမယ်
ကြိုးစားနော်ကလေးမလေး . . .လက်ရည်တက်လာတယ်သိလား
😛
ချစ်ခင်လျှက် . . .
ကိုသျှား