ရည်းစားစာ
“ရည်းစားစာ”
တစ်ယောက်တည်းကို ချစ်မိလို့ အားလုံးကို မချစ်မိဘူး
ချစ်သူအတွက် ရဲရင့်ဖို့လိုအပ်မယ်ဆိုရင်
ကျွန်တော့်ခြေထောက်တွေ ကမ္ဘာအပြင်ဘက် ရပ်ပေးမယ်
အဲဒီနှလုံးသား ကျွန်တော် ပိုင်တယ်
တစက်မှ မကျန်အောင် သွန်ချပစ်လိုက်တာတောင်
သူ့မျက်ဝန်းရိပ်လေး ရနံ့မပျယ်ဘူး
ကျွန်တော့်လို ဆောင်းတဝက် မီးတဝက်ကောင်အတွက်
မြင့်မြတ်သော နတ်သမီးမျက်ဝန်းလဲ့လဲ့လေးပါပဲ
ချစ်သူ့လက်လေးကို ဆုပ်ကိုင်ခွင့်ရဖို့
ကဗျာဘယ်နှစ်မြို့တိုင်အောင် ကျွန်တော် ခိုနားရမလဲ
ကိုယ့်ပြက္ခဒိန် ကိုယ်လွှင့်ဖောက်ထုတ်
Valentine day ရောက်အောင် ခုတ်ချမယ်
ချီရွန် ( ပုလဲ )
Comment #3
Gr8 poem. xo touch sis

Comment #4
sorry, you are a man. forgive me bro. I think you are a girl who I know from fb.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😛
😛