စစ်မရောက်ခင် ကတည်းက
မြှားကုန်ခဲ့တာတော့ မဟုတ်ဘူးပေါ့၊
ငါတို့ရဲ့ သံယောဇဉ်အနှောင်အဖွဲ့က
တစ်ယောက်ကို တစ်ယောက်
လွတ်လပ်ခွင့် ပေးလိုက်တာပါ……….။
-ကြွေမလိုနဲ့ ဝေနေတတ်တဲ့
ဒီအကြောင်းကြောင်း တွေကို
အားလုံးကို ထားရစ်ခဲ့ရအောင်
ပြန်ဆုံခွင့် မရတော့နိုင်တဲ့………
ငါတို့ရဲ့….. ရင်ဘတ်တစ်စုံ၊
တေ့လွဲတွေ ဖြစ်နေတဲ့……..
ငါတို့ရဲ့….. နားလည်မှု၊
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ………
မဆုံမိလိုက်ခင်လေးမှာပဲ
စောစီးစွာ……
လမ်းခွဲ ထွက်ခွာသွားကြပါစို့…….။
Comment #1
😛